Part-10

2.6K 78 4
                                    

အပိုင်း-၁၀

မနက်ရောက်တော့ အပြင်ကစကားပြောသံကြားလို့ ထွက်လာတော့ ဦးမောင်ရောက်နေပီမို့

"ဦးမောင် အစောကြီးပဲရော ဘယ်အချိန်ထွက်လာတာလဲ

"မနက်၄နာရီထဲက ထွက်လာတာ အိမ်လေးကိုနဲနဲ ပါးပါးလှလှပပ လုပ်ပေးချင်လို့ သားအိပ်ချင်ပြန်အိပ်လေ"

"ဟာမအိပ်တော့ပါဘူး ဦးမောင်နဲ့စကားပြောမယ်လေ"

ဘုန်းသန့် အခန်းထဲဝင်မျက်နှာသစ်ကာအိပ်နေသော ဘေဘီမနိုးအောင်အသာလေးထွက်လာသည်။

"သား Dimsum ဝယ်လာတယ် သားကောင်မလေး အားမှားလို့ သားမိန်းမကကြိုက်တယ်ပြောဖူးလို့
ဟိုတယ်ကနေသေချာမှာလာတာ စားတော့မလားပြင်
ခိုင်းလိုက်မယ်"

"ဘေဘီ အာ အသက်နိုးမှစားမယ် ခုတော့ဦးမောင်နဲ့
လက်ဖက်ရည်သောက်ပီးစကားပြောမယ်"

"အေးပါကွာ ငါ့သားမင်းမိန်းမနဲ့အဆင်ပြေလား ဟိုတနေ့ကနေမကောင်းဖြစ်တယ်ဆိုလို့စိတ်ပူနေတာ မျိုးမင်းကမလာလဲရတယ်ဆိုလို့"

ဘုန်းသန့် ဂုတ်ပိုးကိုလက်နဲ့ပွတ်ပီးရှက်ရီရီပီး

"နေမကောင်းဖြစ်လိုက်လို့အဆင်ပြေသွားတာဦးမောင်"

"ဟား ဟား

အိမ်ရှေ့ဧည့်ခန်းကပြင်ဆင်နေတာတွေကြည့်တော့

မောင်ဘုန်းသန့်ညီ +မသက်လက်ရုန်း

မင်ဂလာလက်မှတ်ရေးထိုးပွဲ

ဆိုတဲ့စာကိုနံရံမှာကပ်ကာ ပန်းအလှဆင်နေတာမို့ မသိရင်ဟိုတယ်မှာလုပ်သလိုမို့ အံ့ဩကာ

"ဦးမောင်"

"ဪ ကိုယ့်သားအတွက်က ဦးမောင်က
ဒီအချိန်လေးပဲလုပ်ပေးလို့ရတာလေ မင်ဂလာပွဲကျတော့ မင်းကြီးကြီးက သူပဲလုပ်မှာလေ
အာ့ကြောင့်စိတ်ထဲမထားနဲ့"

"ဦးမောင်ရယ်"

ပြောပီး ဘုန်းသန့် ဦးမောင်ကိုဖက်ကာငိုမိတော့သည်။

"သားမငိုနဲ့လေ မင်းမိန်းမသိရင် ဦးမောင်ကို
မောင်းထုတ်နေအံုးမယ်"

"ဘေဘီ က အာ အသက်က အဲ့လိုမလုပ်ပါဘူး "

"ကဲပါသားရယ် ဘေဘီပဲလုပ်ပါ မင်းမလဲ "

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now