အပိုင်း-၃၁
အသက်ရဲ့ပထမဆုံး ကိုကို့ဇနီးအနေနဲ့တက်ရတဲ့ dinnerမို့စိတ်လှုပ်ရှားနေပေမဲ့ကိုကို က အရမ်းကြီး စိတ်မပူပဲ ပေါ့ပေါ့ပါးပါးနေဖို့ လက်ခလေးကိုကိုင်ကာတောက်လျောက်အားပေးနေသည်။
ဘုန်းသန့် ဒီနေ့တအားပျော်နေမိသည်။ဘေဘီ့ ဒယ်ဒီနဲ့ပူးပေါင်းတဲ့ပရောဂျက်အောင်မြင်သလို ဘေဘီကလဲ ခလေးယူတော့မယ်ပြောတာကြောင့် ပျော်နေမိသည်။ဘေဘီကတော့ နိုင်ငံခြားသားဧည့်သည်ကော စီးပွါးရေးလုပ်ငန်းရှင်တွေပါ တက်တဲ့ပွဲမို့ စိတ်လှုပ်ရှားနေလို့ စိတ်အေးအေးထားဖို့အားပေးနေရသည်။ဘေဘီက သူမအကြိုက်ဆံုးအရောင်ဖြစ်တဲ့ အသားရောင်ဖျော့ မြန်မာကြိုးကြီးချိပ်နဲ့ရင်ဖံုးလေးကို ဘုန့်သန့်မင်ဂလာဦးလက်ဆောင်ပေးထားတဲ့ပတ္တမြားဆက်လိုက်လေးဝတ်ထားတာ ဆံထံုးလေးထံုးထားတာမို့ ဘုန်းသန့်အတွက်အမြင်ဆန်းနေကာ တအားချစ်ဖို့ကောင်းတာမို့ ခနခနငေးမိလို့အစခံရသည်။ဘေဘီကသာစိတ်ပူနေတာ ဘေဘီက နိုင်ငံခြားသားဧည့်သည်တွေနဲ့လဲစကားပြောအဆင်ပြေသလို တခြားစီးပွါးရေးသမားတွေနဲ့ကတော့ ဦးဘုန်းလက်ရုန်းသမီးဆိုပီး ပိုအဆင်ပြေနေတာမို့ ဘုန်းသန့်သဘောကျနေမိသည်။
အသက်ဧည့်သည်တွေနဲ့စကားပြောရင်း အသက်ကို ခနခနလှည့်ကြည့်နေတဲ့ ကိုကို့ကို နှုတ်ခမ်းကိုက်ပီးရန်တွေ့ရသည်။ပွဲထဲစဝင်လာတော့ကြောက်ပေမဲ့ ခုတော့နေသားကျနေပီဖြစ်သည်။မားမီကိုကြည့်တော့ ဒယ်ဒီလက်ချိတ်ကာ ဝိုင်ခွက်လေးကိုင်ပီးစကားပြောနေတာတွေ့ရသည်။ ကိုကိုနဲ့ဒယ်ဒီကတော့
အနောက်တိုင်းဝတ်ဆုံဝတ်ပေမဲ့ မားမီနဲ့အသက်ကတော့ မြန်မာချိပ်လုံချည်နဲ့ရင်ဖုံးသာဝတ်ရမည် ဟုမားမီကဆိုကာဆံထုံးလဲမားမီကပဲအသက်ကိုထုံးပေးတာဖြစ်သည်။မားမီကတော့သူ့အကြိုက်နီညိုရောင်ချိပ်နဲ့ စိန်တွေဝတ်ထားသည်မှာ ယဉ််ယဉ်လေးနဲ့ ကြက်သရေရှိလှသည်။ကိုယ့်မာမီ မိုးပြောတာမဟုတ် မားမီက တသက်လုံးဒယ်ဒီသာမက နှစ်ဖက်အမျိုးအားလုံးရဲ့ အချစ်တွေကို စုပုံရခဲ့လို့လားမသိ ခုချိန်ထိ နုပျိုလှပကာ အသက်နဲ့ညီအမလို့ပင်ထင်ရသည်။ဒယ်ဒီကဆို ခုချိန်ထိ မားမီကိုအူတိုတုန်းဖြစ်သည်။
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...