အပိုင်း-၄၈
ဒီနေ့ ဒယ်ဒီနဲ့မာမီရဲ့ မင်ဂလာနှစ်ပတ်လည်နေ့မလို့ ဒယ်ဒီ့ဟိုတယ်မှာပဲ မိသားစုဝင်တွေနဲ့ရင်းနှီးသော
မိတ်ဆွေတွေနဲ့ပွဲလုပ်ဖြစ်သည်။ ဆရာမကြီးအသက်ရဲ့
ညွန်ကြားမှုနဲ့ ယောက်ကျားလေးတွေဖြစ်တဲ့ ဒယ်ဒီဦး ဘုန်းသန့် နေလေးနဲ့ဇွဲလေး ဇေနဲ့ဇော် ခန့်ခန့်တို့က ခဲရောင် suit ဆင်တူဝတ်ထားကာ မာမီရယ် အသဲနဲ့အသက်ရယ် သမီးရာရာ ရယ်ကတော့ ခဲရောင်
ဇာဂါဝန်ဆင်တူလေးတွေနဲ့ဖြစ်သည်။မာမီကတော့သူ့မြေးတွေကိုချစ်မဝသလို ဒယ်ဒီကတော့ မြေးရနေတာတောင် အမြဲ မလျော့သောချစ်
ခြင်းများနဲ့ မာမီ့ကိုချစ်မဝသည့်မျက်လံုးဖြင့်သာအမြဲဂရုတစိုက်ကြည့်မြဲဖြစ်သည်။ကိုကိုက
"ဘေဘီ့ဒယ်ဒီ မိန်းမချစ်ချက်ကနော် လန်ထွက်နေတာသိလား ကိုယ်ကတော့ ယောက်ခမခြေရာနင်းမှာနော် ဘေဘီ "
"ကိုကိုနော် "
ပွဲစတော့ ဒယ်ဒီက မာမီ့လက်ကိုဆွဲကာစင်ပေါ်တက်လာပီး
"Happy anniversary နော် ကိုကြီးရဲ့နွယ်လေး ကိုကြီးဘဝရဲ့ အတက်အကျအားလံုး အထူးသဖြင့်ကျန်းမာရေးမကောင်းချိန် အနားကတဖဝါးမှမခွါပဲအခုလို လူကောင်းဖြစ်အောင်ပြုစုကုသပေးတာကော သားတွေသမီးတွေကနေ မြေးတွေအထိ ဂရုစိုက်ပေးတဲ့အရာအားလံုးအတွက် ကျေးဇူးတင်ပါတယ် ကိုယ့်အချစ်ရေ"
ဝိုး ဝိုး ဖြောင်း ဖြောင်း👏👏👏👏
လက်ခုပ်သံတွေတိတ်သွားတော့ ဒယ်ဒီ့သူငယ်ချင်းတယောက်က
"မနွယ် တခုခုပြောပါအံုး"
မာမီကငြင်းပေမဲ့ဝိုင်းပြောမှ
"Happy anniversary ပါ ကိုကြီး ကိုကြီးကိုနွယ်လေးကအရမ်းချစ်တာမို့ ရှေ့ရှောက်ကျန်းကျန်းမာမာ
နဲ့နွယ်လေးနဲ့သမီးတွေသားတွေမြေးတွေအနားရှိပေးပါနော်"ဖြောင်း ဖြောင်း ဖြောငါး👏👏👏👏
မာမီစကားပြောပီးတော့ အရမိးလှတဲ့ ကျူးလစ်ပန်းနီညိုရောင်ပန်းစီးလေးကို ဒယ်ဒီကမာမီ့ကိုပေးရငိး
"ကျွန်တော့ဘဝမှာ ကျွန်တော့အတွက်အရေးပါတဲ့အမျိုးသမီး၅ယောက်ရှိပါတယ် အခုချိန်ထိပေါ့နော်
ပထမတယောက်ကဆံုးသွားတဲ့မေမေပါ"
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...