Part-5

2.4K 67 0
                                    

အပိုင်း-၅

ဒုန်း ဒုန်း ဒုန်း

"အသက်မ ထတော့ ၉နာရီထိုးနေပီ "

"မမသက် ထတော့ဒယ်ဒီဝယ်လာတဲ့dim sum ကုန်တော့မယ်နော်"

အသက်ညကအိပ်ယာဝင် နောက်ကျတော့မနက်ထတာနောက်ကျလို့မောင်လေးတွေနဲ့ အသဲကလာနိုးနေတာ
ဖြစ်သည်။တံခါးဖွင့်လိုက်တာနဲ့ မောင်လေး၂ယောက်နဲ့ အသဲက အသက်ကိုအိပ်ယာပေါ်ဆွဲလဲပီး၄
ယောက်သားလုံးကြ ခေါင်းအုံးနဲ့ရိုက်ကျနဲ့ဆော့
နေတုန်း ဒယ်ဒီနဲ့မာမီဝင်လာကာ

"ဒယ်ဒီက breakfastစားဖို့စောင့်နေတာဒယ်ဒီ့ခလေးတွေက ဆော့နေတယ်ဆိုတော့ မာမီရေ ဒယ်ဒီတို့ပဲ
ကုန်အောင်စားလိုက်ကြရအောင်"

"စားမှာ လာပီဒယ်ဒီ"

အကုန်ပြေးဆင်းသွားမှအသက်မြန်မြန်မျက်နှာ
သစ်ကာအောက်ထပ်ထမင်းစားခန်းဆီ အပြေးဆင်းလာခဲ့သည်။ဒယ်ဒီက မာမီ့အကြိုက် သားသမီးတွေအကြိုက်တခုမှမကျန်အောင်ဝယ်လာတတ်သူဖြစ်
သည်။

"ကဲစားကြ သားတို့သမီးတို့အကြိုက်တွေပဲရွေး
ဝယ်လာတာ"

"ဒယ်ဒီကအကောင်းဆုံးပဲ"

အသက်ထအော်တော့ အသဲက

"စားကောင်းအောင် ရှောက်ပြောနေတာ"

"ဟွန့် အသဲအစုတ်ပလုပ်မ"

မာမီက

"ကဲညီအမတွေရန်ဖြစ်မနဲ့ စားစရာရှိတာစား"

"ဒယ်ဒီကတော့လေ  သားနဲ့သမီးတို့ကို ခုလိုချစ်ချစ်
ခင်ခင် စည်းစည်းလုံးလုံးပဲမြင်ချင်တယ်နော် သားတို့၂ယောက်လုံးက မမ၂ယောက်ကိုတသက်လုံး စောင့်ရှောက်ရမှာနော်"

ဇွဲလေးက

"ယောက်ကျားရရင်တော့ မမတို့ယောက်ကျားက
စောင့်ရှောက်မှာဟုတ်ဖူးလားဒယ်ဒီ"

"သားတို့က ကိုယ့်အမတွေကို ပစ်ထားရင်  မမတွေရဲ့ယောက်ကျားက ငါလုပ်ချင်တာလုပ်ရတယ်သူ့တို့မှာအားကိုးမရှိဘူးဆိုပီး သားမမတွေကို နှိပ်စက်ရင်ဘယ်လိုလုပ်မလဲ အာ့ကြောင့်အစထဲက ကိုယ့်မမတွေကို ပစ်မထားနဲ့ပြောတာလေ တခြားမကြည့်နဲ့ ကယ်လေးကိုကြည့် ကြီးကြီးနဲ့သားတို့မာမီကို ခုထိစောင့်ရှောက်တုန်း ဒယ်ဒီတာ မာမီ့ကိုနှိပ်စက်ရင် ဘဘက ကြီးကြီးကိုနှိပ်စက်ရင် ကယ်လေးကဒီတိုင်းနေမယ်ထင်လား အဲ့ဒါကိုပြောတာ သားရဲ့"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now