Part-35

2.3K 82 16
                                    

အပိုင်း-၃၅

အသက်ညကလဲကောင်းကောင်းအိပ်မပျော်လို့
မနက်စောစောထလိုက်သည်။ဗိုက်ထဲကခလေးလေးကိုလဲသနားမိသည်။ကိုကို့အကြောင်းလဲဘာမှမသိရလို့ ဒယ်ဒီနဲ့စံုစမ်းခိုင်းမယ်ဆိုမှ ဒယ်ဒီကအသက်ကြောင့်ဆေးရုံရောက်နေရသည်။အသက်ကို ကိုယ်ဝန်နဲ့မို့နေလေးနဲ့အတူ အိမ်ပြန်လွတ်တာမို့ပြန်ခဲ့ရသည် ။ဒယ်ဒီ့ကိုတော့စိတ်ပူမိသည်။ဖွားဖွားလဲ ICUထဲကနေ သတိပြန်မလည်တာဆိုတော့ ဒယ်ဒီတာတခုခုဆို အသက်အရင်သေမိမလားမသိဘူးဆိုပီးစဉ်းစားနေတုန်း နေလေးကအခန်းထဲဝင်လာကာ

"မမသက် နိုးပီလား ညကသားလာကြည့်တော့အိပ်နေလို့မနိုးတာ ဒယ်ဒီသက်သာလို့ ရိုးရိုးခန်းထဲရွေ့လာပီတဲ့ မမနိုးရင် မုန့်စားပီးသွားရအောင်"

"ဟင့်အင်းမစားတော့ဘူး အဝတ်စားလဲပီးသွားမယ်"

"ကျစ် မမသက် ဗိုက်ထဲကခလေးလဲသနားအံုး အာ့ကြောင့်မားမီကသေချာမှာနေတာ မမသက်ကို မုန့်သေချာကျွေးပီးမှခေါ်လာတဲ့"

အသက်ခလေးဆိုမှ စားဖို့သတိရကာ အဝတ်လဲကာ
ဆင်းလာတော့ ထမင်းစားခန်းမှာ ကြီးကြီးရောက်နေပီး

"အသက်လေးလာ ဒီမှာသမီးစားချင်တဲ့ မုန့်ဟင်းခါးကြီးကြီး ကိုယ်တိုင်ချက်ထားတယ် လာစား"

အသက်တို့စားပီးတော့ကြီးကြီး

"ခနနေအံုး အသက်နဲ့နေလေး ခလေးတို့ဒယ်ဒီက အသက်အန်တရယ် မစိုရိမ်ရပေမဲ့ လေတခြမ်း
ဖြတ်သွားတော့ဘယ်ဘက်တခြမ်းခြေလက်လှုပ်မရတော့သလို စကားပြောတာလဲမပီတော့ဘူး ဖြေးဖြေးချင်းပြန်ကုရင်ရနိုင်တယ်တဲ့ ခလေးတို့မားမီကဆေးရုံရောက်ရင် ဒယ်ဒီ့ရှေ့မငိုမိစေနဲ့တဲ့ဟုတ်ပီလား ဟော အသက်လေးကငိုပြန်ပီ သမီးစိတ်ကိုထိန်းလေ သမီး
ဝမ်းနည်းတိုင်းခလေးကိုထိမယ်သမီးရဲ့"

"ဒယ်ဒီက ဖိုးနဲ့ဖွားဆံုးလို့နေမကောင်းဖြစ်တာမားမီမနဲကုထားတာ အသက်ကြောင့် အဲ့လောက်ထိဖြစ်သွားတာ ဟင့်ဟင့်"

"မဟုတ်ပါဘူးအသက်လေးရယ် ခုဝအောင်ငို ဒယ်ဒီ့ရှေ့မငိုနဲ့ ဟုတ်ပီလား ပီးတော့ ဘုန်းသန့်ကိုရအောင်
ဆက်သွယ် သမီးနဲ့ဘုန်းသန့်ကိုတူတူ တွေ့ရင် သမီးဒယ်ဒီရောဂါပိုသက်သာမှာ"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now