အပိုင်း-၁
ကလပ်တခုအတွင်း
ကိုကိုး ဒီနေ့ training မှာပင်ပန်းသမျ ကလပ်ထဲမှာသီချင်းသံတွေနဲ့မြူးကြွစွာလိုက်အော်ရင်းအပန်းဖြေနေမိသည်။ကိုကိုးရဲ့ငယ်သူငယ်ချင်း ရွှေစင် သီရိ
မင်မင် ပေါက်စီတို့နဲ့ သီရိမွေးနေ့မို့ ကလပ်ထဲရောက်နေတာဖြစ်သည်။ကျန်သူငယ်ချင်းတွေကသောက်ကြပေမဲ့ ကိုကိုးက trainingကာလမို့သောက်လို့မရလို့ အချိုရည်သာသောက်နေခြင်းဖြစ်သည်။"ကိုကိုး နဲ့ သီရိ ဟိုမှာဝင်လာတဲ့ဘဲကြီးကိုကြည့်စမ်း daddy typeကြီး "
"နှာဗူးမ"
ကိုကိုးနဲ့သီရိ ရွှေစင်ကို့ ပြောပီး ကြည့်တော့ ဘဲကြီးကတကယ်ပဲရွှေစင်ပြောသလိုဖြစ်နေသည်။မင်မင်က
"ဟဲ့ သွားမကြောင်နဲ့ အဲ့ဘိုးတော်က
တကယ့်playboyကြီးနော် ငါတို့နိုင်ငံကနာမည်ကြီးမော်ဒယ် မင်းသမီး တွေတင်မဟုတ်ဖူးနော် ဘော်ဒီတောင့်တဲ့အချောအလှမှန်သမျှ သူစားပီးသားပဲ"ကိုကိုးကနှာခေါင်းရှုံ့ကာ
"ဟွန်းစိတ်ပျက်စရာကြီး"
ရွှေစင်က
"မင်မင် နင်ကဘယ်လိုသိ မဟုတ်မှ နင် ယောက်ကျားချင်းကြိုက်နေတာလား"
"ဆုတောင်းလေ ငါ့တဝမ်းကွဲအမ မယုဇနလေသိ
တယ်မလား""အေး အရမ်းလှတဲ့မမလေ"
"အေး အဲ့ဘဲနဲ့တွဲသေးတယ်လေ ပြတ်သွားတော့မှတငိုငိုတရီရီဖြစ်လို့မေးကြည့်မှ မယုဇနရဲ့အကိုကပြောပြလို့သိတာ"
"ဒါဆိုနင့်အမလဲ "
"အေးတဲ့ အဲ့ဘဲကချုပ်တာတော်တယ် ငါ့အမဆိုခုထိတသသနဲ့ ဟိုကပြန်လက်ခံရင်သူကပြန်တွဲချင်သေးတာ ဟိုဘဲက စော်တပွေကို ၂ခါမတွဲဘူးတဲ့လေ"
ကိုကိုးက
"အော့ အော့ပဲ ငါအဲ့လိုယောက်ကျားမျိုူသိပ်မုန်းတာပဲ"
ပေါက်စီက
"ကဲပါ လာကိုကိုးအပြင်ထွက်ရတုန်းလေးကဲရတာ cheer"
ကိုကိုး အအေးသောက်နေတုန်း သီရိမက
"ကိုကိုး ငါရှူးပေါက်ချင်လို့ toilet လိုက်ခဲ့ပေးအံုး"
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...