အပိုင်း-၂၇
ဒီနေ့ပိတ်ရက်မို့ အသက်နိုးတော့ ကိုကိုကမနိုးသေးတာမို့ အသက်ရေချိုးခန်းမှာ ကိုယ်လက်သန့်စင်ပီး
အောက်ထပ်သို့ဆင်းကာ ကိုကိုစားဖို့breakfast
စီစဉ်လိုက်သည်။ကြီးကြီးကဆင်းလာပီး"အမလေး ကြားသားမိုးကြိုး အသက်လေးက မီးဖိုချောင်ဝင်နေပါလား"
"ဟုတ်ကဲ့ကြီးကြီး ကိုကို့အတွက် ပဲပြုတ်ထမင်းကြော်ပူပူလေးရယ် ငရံ့ခြောက်ဖုတ်ဆီဆမ်းနဲ့ငပိကြော်လေးလုပ်ပေးနေတာ ကြီးကြီးစားပါအံုးလား"
"နေပါစေတော့ အသက်လေးရေ ကြီးကြီးကမုန့်ဟင်းခါးလေးစားချင်လို့ ညကမူမူ့ကိုချက်ခိုင်းထားလို့
အသက်တာမနက်တိုင်းဒီလိုချက်မယ်ဆိုကောင်းတာပေါ့""ဟိဟိ အသက်ကကြီးကြီးစားချင်ရင်စောစောကြိုးစားထချက်ပါ့မယ်"
"ဘာစောစောထမှာလဲ"
"ကိုကို့"
အသက်ကိုကို့ လက်မောင်းကိုကိုင်ကာမပြောဖို့
အချက်ပြတာကို ကိုကိုကမသိချင်ယောင်ဆောင်ကာ"ကြီးကြီး အိမ်မှာ ချက်မယ့်သူဒီလောက်များတာ ဘယ်လိုဖြစ်ပီးကျွန်တော့မိန်းမကိုဒီလောက်မျက်စိကျနေတာလဲ မရဘူးနော် ခုတောင်နိုးတာအနားမှာဘေဘီမရှိလို့ ထလာရတာ ပိတ်ရက်၉နာရီ၁၀နာရီထိအိပ်ယာထဲနှပ်ချင်နေတာကို မိန်မကပြောမရတဲ့အထဲ ကြီးကြီးကပါ စောစောထခိုင်းနေတယ် မရဘူးနော်ကြီးကြီး"
"ပီးတော့ ဘေဘီ ကိုယ့်ကိုအိပ်ယာထဲထားခဲ့တယ် "
ပြောလဲပြော ပါးကိုကိုကိုကလှမ်းနမ်းတာမို့ အသက်
ရှက်သွားကာ ကြီးကြီးက"အမလေးဟုတ်ပါပီသားရယ် ကဲမိန်းမကိုအခန်းထဲမှချစ်ခုထိုင်ရှားရှားပါးပါးကြီးကြီးနဲ့အတူ breakfast စားရအောင်"
"ဟုတ်"ဆိုပီးကိုကိုထိုင်တော့ အသက်က နောက်ဖက်ကထမင်းကြော်သွားယူမယ်လုပ်တော့ ကိုကိုကလက်ကိုလှမ်းဆွဲကာ
"ဘယ်တုန်း ကိုကို့နားနေပါဆို"
"ခနပါ ကိုကိုရယ် အသက်ကြော်ထားတဲ့ထမင်းကြော်နဲ့ဟင်းလေးတွေသွားယူမလို့"
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...