Part-15

2.3K 82 2
                                    

အပိုင်း-၁၅

အသက် အခန်းထဲရောက်တော့ ကိုကိုက

"ကိုယ့်ဘေဘီကလူတင်ချစ်စရာကောင်းတာမဟုတ်ဖူး အသုံးဆောင်ပစ်စည်းတွေပါချစ်ဖို့ကောင်းတာ ဘေဘီ့အခန်းလေးကချစ်စရာလေး  "

"ဟုတ်လား အသက်စိတ်ကြိုက်လေ ဒယ်ဒီပြင်ပေးထားတာ"

"ကိုယ်တို့သမီးလေးမွေးရင်လဲ ကိုယ်က ဘေဘီ့ဒယ်ဒီလိုလုပ်ပေးမှာ"

"ကိုကို့"

"ဗျာ"

"ခလေးကလိုချင်နေပီလား "

"ပြောပြတာပါ ဘေဘီ အသင့်ဖြစ်မှယူကြမယ်နော်"

"အာ့ကြောင့် ကိုကို့ကို ချစ်ထှာ ကိုကို ဒီညတော့ရိုးရိုးပဲအိပ်ရအောင်နော်"

"သခင်မလေး သဘောအတိုင်းပါခင်ဗျာ"

မနက်မိုးလင်းတော့ အသက်နိုးတော့ ၈နာရီခွဲနေပီမို့ဘေးကိုကြည့်တော့ ကိုကို ကမရှိဘူးမို့ အိပ်ယာထ အိပ်ယာခေါက်ပီးရေချိုးခန်းဝင်ကာ အောက်ထပ်ဆင်းခဲ့သည်။အောင်ထပ်ရောက်တော့ ထမင်းစားခန်းမှာ မာမီနဲ့စကားကောင်းနေတဲ့ကိုကို့ ကိုတွေ့ရသည်။မာမီက

"အမလေး မိရွှေသက် နိုးပီလားယောက်ကျားက အစောကြီးထပီး တအိမ်လံုးအကြိုက်မေးပီးနံနက်စာဝယ်ထားပီ သမီးကခုမှထတယ်"

"ဘေဘီ အာ အသက်က ခရီးပန်းလို့ပါမာမီ
ကျွန်တော်က မာမီတို့နဲ့ကောတအိမ်လံုးနဲ့ရင်းနှီး
ချင်လို့ပါ ရပါတယ်"

"အင်းပါသား ပီးတော့ အသက်ကို သားအဆင်ပြေသလိုခေါ် မာမီတို့နားလည်တယ်နော် အသက်လာ ရပ်
ကြည့်မနေနဲ့ မနက်စာစားဖို့လာကြတော့မှာလာကူ"

ဘုန်းသန့် အသက်တို့အိမ်ရောက်လာတာ တော်တော် ပျော်ပါတယ် မိသားစုဝင်တွေများတာကော
ချစ်ချစ်ခင် ခင်ရှိကြတာကောမလို့ စိတ်ချမ်းသာစရာကောင်းလှသည်။

"မြေးကအိပ်မပျော်ဘူးလား အိပ်ရာပြောင်းတော့"

ဘေဘီ့ အဖွားကမေးတော့

"မဟုတ်ပါဘူးအဖွား အိမ်ကမိသားစုနဲ့ရင်းနှီး
ရအောင်ကော စောစောနိုးနေကျမို့ပါ"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now