Part-50(ဇာတ်သိမ်းပိုင်း)

4.9K 96 8
                                    

အပိုင်း-၅၀(ဇာတ်သိမ်းပိုင်း)

အသဲတို့ရဲ့ငပလီ ၄ရက်ဟာ နေ့တိုင်း သုံးစုံတွဲလုံးနေ့
လည်မှသာနိုးပီး ညနေတဖြတ်ရေကစားလိုက် ပင်လယ်စာစားလိုက် နဲ့ကုန်ဆုံးခဲ့သည်။ရန်ကုန်ပြန်
ရောက်တာနဲ့အားလံုး လုပ်ငန်းခွင်ပြန်ဝင်ကြသည်။အသဲ ဒီနေ့မအားတာမို့ ခလေးတွေကိုကျောင်းကြိုပေးဖို့ နေလေးကိုဖုန်းဆက်တော့

"မမသဲ ကျွန်တော်ပြောရင်စိတ်မဆိုးနဲ့ ခန့်ခန့်ကိုကြိုဆိုကြိုချင်တယ် မမသမီး အမွေစိန်ကိုမကြိုချင်ဘူး"

"ဟယ်နေရယ် နင့်ဒီတူမလေးတယောက်ကိုဟယ်ပြောလိုက်တာဆိုတာ"

"ဟာ မမသမီးက ကျွန်တော်ကောဇွဲလေးနဲ့ကိုတည်တံ့ကိုပါ သူ့ဆရာမတွေနဲ့လိုက်စပ်ပေးနေလို့ မမသမီးကိုဘယ်သူမှကျောင်းမကြိုချင်တာ"

အော်ဒါကြောင့်မနက်က ကိုတည်တံ့ကလဲမအားဘူး ဇွဲကလဲကျူရှင်ဆိုတာ ခုမှပဲသိတော့တယ် ရာရာလေးကိုကြောက်လို့ဆိုတာကိုတွေးမိပီးရီမိသည်။နောက်ဆံုးတော့ နေ့ကိုပဲချော့မော့ကာသွားကြိုခိုင်းရသည်။ဦးကိုပြောပြတော့ဦးကတော့သဘောကျကာ ဦးမေမေကတော့

"ငါ့သားငယ်လေးလဲ မြေးမလေးရာရာ စပ်ပေးမှပဲ အိမ်ထောင်ကျမယ်ထင်တယ်"

ဆိုပီးပြောတာကြောင့် အသဲနဲ့ဦးမှာ ရီနေမိသည်။

ဒီနေ့ happy new year dinnerကို အသက်တို့အိမ်မှာပဲ မိသားစုသီးသန့်မို့ လူကြီးတွေအလုပ်ရှုပ်နေကြသလို ခလေးတွေကတော့ ဆော့လိုက်စားလိုက်နဲ့ပျော်နေကြသည်။

ညရောက်တော့ ဒယ်ဒီရယ်ကိုကိုရယ် အသဲရဲ့ဦး ဆိုဖီရဲ့ကိုကြီး ဘဘနဲ့ကယ်လေးတို့ကတဝိုင်း ကိုသူတို့ညီအကို နေလေးနဲ့ဇွဲလေး ကိုတည်တံ့တို့ကတဝိုင်း အသက်တို့မာမီရယ် ကြီးကြီးရယ် တီလေးလွှာရယ် အသဲရဲ့ယောက်ခမတွေကတဝိုင်း အသက်နဲ့အသဲ မမရွှေလေး ဆိုဖီတို့ကတဝိုင်း ထိုင်ကြကာ အကင်စားကြ စကားပြောကြနဲ့ပျော်စရာအချိန်လေးတွေကိုမိသားစုနဲ့ဖြတ်ကျော်ခဲ့ကြသည်။ခလေးတွေကတော့ Happy new year အော်ပီးခနအကြာအိပ်သွားကြတာမို့ အသက်တို့လဲလူစုခွဲကာပြန်ခဲ့ကြသည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now