Part-12

2.3K 68 2
                                    

အပိုင်း၁၂

ဘေဘီ့ဒယ်ဒီကပြန်ခေါ်နေပီမို့ မနက်ဖြန်တရက်ပီး တဘက်ခါနေ့လည်လောက်ရန်ကုန်ပြန်ဖို့ပြောတော့ ဘေဘီကပျော်ပေမဲ့ ဘုန်းသန့်ကမပျော်ပါ။ဒီမှာက၂ယောက်တည်းလွတ်လပ်တော့ ပြန်ရောက်ရင် ကြီးကြီးကလဲသူနဲ့နေဖို့ပြောနေသလို ဘေဘီ့ဒယ်ဒီကလဲအတူနေခိုင်းနိုင်တာမို့ ဘုန်းသန့်မှာ ကိုယ့်မိန်းမနဲ့
လွတ်လွတ်လပ်လပ် မနေရမှာမို့စိတ်ညစ်နေမိသည်။အပြင်ကမိုးသံကြားမှ တွေးနေတာရပ်ပီးနာရီကြည့်တော့မနက်၇နာရီရှိနေပီမို့ဘေဘီ့အတွက်မုန့်မှာရန် ထမယ်လုပ်တော့ ဘေဘီကခါးကိုဖက်ထားကာ

"ကိုကို့ အသက်အေးလို့ပါဆိုတာကို ဘာလို့ထတာလဲ"

"ဘေဘီစားဖို့breakfast မှာပေးမလို့"

"ဟွန့်အင်း မမှာနဲ့ မထသေးဘူး မိုးတွေရွာနေတာ အိပ်လို့ကောင်းတယ် အသက်ဒီနေ့ နေမြင့်အောင်
အိပ်မယ်နော် ရှေ့ရက်က ကိုကို့ကို စောစောထပီး
မနက်စာလုပ်ပေးပီးပီဆိုတော့ ဒီနေ့တော့ အိပ်ခိုင်းနော်"

"သဘောပါဗျာ"

ဘုန်းသန့်ဆီကခွင့်ပြုချက်ရတာနဲ့ ဘေဘီက ရင်ခွင်ထဲအတင်းတိုးဝင်ကာ ဖက်ထားတော့ မရိုးမယွဖြစ်လို့
ချွန်းနဲ့ အတင်းအုပ်ထားရတဲ့စိတ်တွေ ထကြွလာတာမို့ စိတ်အပြောင်းလဲဖြစ်အောင် ပြတင်းပေါက်ကနေမြင်းတဲ့ မိုးရွာတာကိုငေးနေမိသည်။

အသက်ပြန်အိပ်မယ်ဆိုပီး ကိုကို့ရင်ခွင်ထဲဝင်ကာ ဖက်လိုက်တော့ ကိုကို့ရင်ဘတ်ကတဒုန်းဒုန်းမြည်သံ ကြောင့် အိပ်လို့မပျော်တာမို့မျက်လုံ ဖွင့်ကာမော့ကြည့်လိုက်တော့ ကိုကိုက မိုးရွာတာကိုငေးနေတာမို့
အသက်လဲ ငေးနေမိသည်။ဘယ်လောက်ကြာ
အောင်ငေးနေမိတယ်မသိလိုက်ခင်မှာပဲ အပြင်ကရွာနေတဲ့မိုးရဲ့အသံရယ် ကိုကို့ရင်ခွင်ထဲမှာ ကိုကို့ရင်ခုန်သံကိုကြားနေရတာရယ် အခန်းရဲ့အလင်းရောင်မရှိတရှိ အခြေနေရယ်မှာ အသက်စိတ်ဘယ်လိုဖြစ်သည်မသိပဲ
ကိုကို့မေးဖျားလေးကိုမော့နမ်းကာ

"ကိုကို့ ကိုချစ်တယ် မွ"

ဘုန်းသန့်ငေးနေတုန်း မေးဖျားကိုအနမ်းခံရကာ အကြားချင်ဆံုး ဘေဘီ့ရဲ့ချစ်စကားကြားလိုက်ရတော့ မယံုနိုင်ဖြစ်ကာ

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now