Part-32

2.3K 77 10
                                    

အပိုင်း-၃၂

အသက်ဒီနေ့ ဆိုဖီနဲ့နာနာတို့နဲ့တွေ့ပီးပြန်လာတော့ အသဲ အိမ်ပြန်ရောက်နေပီဆိုလို့ အသဲအခန်းထဲဝင်လာတော့ အသဲငိုနေတာမို့ စိတ်ပူသွားကာ

"အသဲ ဘာဖြစ်တာတုန်း"

"ဦးက ငါ့ကို ငါ့ကို မုန်းသွားပီ"

"ဟမ် ဘာလို့လဲ"
"ငါ့အလောင်းစားလုပ်တာကိုသိသွားတာ"

"ဒါလေးနဲ့သူကစိတ်ဆိုးလား ပြောတော့ အသဲကိုချစ်တယ်ဆို"

"မဟုတ်ဖူး အသံဖိုင်ကပြင်ထားတာ သူမုန်းတဲ့အရာတွေထည့်ပြောထားတာ "

"ငါသွားရှင်းပြပေးမယ်"

"ရပါတယ်ဟာ"

အသဲဖုန်းမျော်နေပေမဲ့ ကိုကျော်ထက်ကော မသူဇာပါ ဖုန်းခေါ်မလာကြပါ။ ရုံးကိုသွားတော့လဲ အဝင်မခံလို့ လက်လျော့ရသည်။မသူဇာပြောတာတော့ တရုံးလံုးသိသွားပီး bossကရှက်ကာ သဲသဲအကြောင်းအပြောမခံဘူးဟုဆိုလာသည်။

တည်စေမင်း အိပ်ယာနိုးထဲက စိတ်ကမကြည်ပါ။Bae မရှိပဲ အသက်ဆက်ရတာ ခက်ခဲပေမဲ့ ကိုယ့်ကို
ပစ်စည်းတခုလိုသဘောထားတဲ့Baeကိုမုန်းတာကပိုတာမို့ ရုံးကိုဟန်မပျက်တာတက်နေရပေမဲ့စိတ်ကတော့မကြည်ပါ။

ဦးရဲ့အနမ်းတွေနဲ့ဝေးတာ ခုဆို ဘာလိုလိုနဲ့တလလောက်ရှိပီ မို့ လူကအလွမ်းတွေနဲ့နေသားကျနေသည်။ဒယ်ဒီကလဲနောက်လကုန်လောက်နိုင်ငံခြားထွက်ဖို့ အသင့်ဖြစ်နေကြောင်းပြောတော့ အသဲသက်ပျင်းချမိသည်။ဦးနဲ့အသဲ တကယ်ဝေးကြပီဆိုပီးတွေးမိတော့ ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့နာလှသည်။
ဒီနေ့ ဆိုဖီနဲ့နာနာတို့နဲ့မုန့်စားထွက်ဖို့ အသက်အတင်းခေါ်လို့ပါလာခဲ့သည်။ ဆိုဖီက

"အသဲကိုတော့ အားနာပေမဲ့ ငါကြွားချင်လို့ ငါ့အဖေဆေးရုံက accountဌါနမှာငါဝင်လုပ်တာ ခုအချစ်နဲ့တွေ့နေပီ"

"တကယ်"

"အေး"
"ဘယ်သူတုန်း"

"ကိုကြီးက အက်ဆီးဒန့်ကြောင့် ဝှီးချဲနဲ့နေရတာ လမ်းပြန်လျောက်ဖို့ ဆေးရုံ မှာ လာလေ့ကျင့်တာ အမှန်ဆို လမ်းလျောက်နိုင်းတော့မှာကို သူ့စိတ်ကဖြစ်နေလို့တဲ့ ငါလဲသူ့အကြောင်းကြားပီး သနားရာကချစ်သွားတာ"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now