Part-25

2.2K 67 2
                                    

အပိုင်း-၂၅

အသက်အိပ်ယာနိုးတော့ ကိုကိုကရုံးသွားပီ နိုးရင်ဖုန်းဆက်ဆိုပီး စာရွက်လေးမှာရေးပေးခဲတာမို့  အိပ်ယာဘေးက ဖုန်းကိုယူကာဆက်တော့

"မမလေးလား bossကအစည်းအဝေးလုပ်နေလို့ ပီးမှ
ဖုန်းပြန်ခေါ်မယ်တဲ့"

"အော် ဟုတ်ရတယ် ကိုမျိုးမင်း ကိုကိုအားမှခေါ်လို့ပြောပေး"

အသက်လဲဖုန်းချက နာရီကြည့်တော့နေ့လည် ၂နာရီကျော်ပီမို့ ဗိုက်ဆာနေတာနဲ့ရေမြန်မြန်ချိုးကာ ဘောင်းဘီရှည်နဲ့တီရှပ်တထည်ဝတ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။အောက်ထပ်မှာ အိမ်အကူခလေးတွေက  အသက်ကိုမြင်တာနဲ့

"မမလေး ထမင်းစားတော့မလား"

"စားမယ် ဘာဟင်းလဲ"

"အကိုလေးက မမလေးအကြိုက်ပြောသွားလို့ လံုးလံုး တို့ချက်ထားတယ်  မမလေးစားကြည့်"

"အင်း စားကောင်းတယ် နောင်ခနခန ချက်ကျွေး"

"တော်သေးတယ် မမလေးကြိုက်လို့ ဟိုတယောက်ကတော့ မကြိုက်ဘူးတဲ့အော်သွားတယ်"

"ခုနက အသက်ဝင်လာတော့ဘာပြောနေကြတာလဲ
ရခိုင်မုန့်တီလို့ကြားလို့"

"မုန့်တီစားမလို့ မမလေး ညှိနေတာ ညှိမရလို့"

"ဘာညှိတာလဲ"

"လံုးလံုးတို့ကဝယ်မယ် သူတို့ကစျေးကြီးလို့ အထမ်းသည်ဆီကပဲစားမယ် ညင်းနေတာ"

"နေအံုးရခိုင်မုန့်တီနဲ့တုတ်ထိုးရောစားရင်ပိုကောင်း
တယ်"

အိမ်အကူမိန်းခလေးတယောက်က

"အမလေးမမလေးကတော့ဟုတ်တာပေါ့ သမီးတို့က ဝယ်မစားနိုင်ပါဘူး"

"ကဲကြိုက်မကြိုက်တာ အသက်ကိုပြော ဝယ်ကျွေးမယ်"

"မမလေးကျွေးရင် သမီးတို့စားမှာပေါ့"

"အာ့ဆိုခနစောင့် အသက်စားပီးရင်သွားဝယ်မယ်"

အသက်စားပီးတာနဲ့ အပေါ်ထပ်မှာ ဖုန်းနဲ့အိတ်ယူကာ ဆင်းလာပီး ပြံုးပြံုးနဲ့လံုးလံုးညီအမကိုခေါ်ကာ
နာမည်ကြီး မုန့်တီဆိုင်ကမုန့်တီနဲ့ နာမည်ကြီးဝက်သားဒုတ်ထိုးဆိုင်က ဒုတ်ထိုးဝယ်ကာ ပြန်လာလိုက်သည်။ လမ်းတွင် လုံးလုံးက

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now