အပိုင်း-၃၆
ဘုန်းသန့်က ဘာမှမမှတ်မိပေမဲ့ အသက်
စိတ်ကောက်တော့ တလမ်းလံုးချော့ နေရလို့ မ
နေနိုင်တဲ့ အသဲကပဲ"အသက်ရယ် စိတ်ကောက်ပြေတော့ ဆေးရုံလဲ
ရောက်တော့မယ် ဘုန်းသန့်ကို ဦးအသိဆရာဝန်နဲ့
အရင်ပြပီးမှ ဒယ်ဒီ့ဆီခေါ်သွားရမှာ အခု နင်က သူ့ကိုနဲနဲပါးပါးပြောပြလေ အရင်ကအကြောင်းနဲ့ဒယ်ဒီ ဘယ်လိုဖြစ်တယ်ဆိုတာကိုပြောလေ""ပီးရော ကိုကိုနော် အသဲကူပြောလို့နော် ဟွန့် အသက်ကို ကိုကိုပစ်ထားတာ ဟင့်ဟင့် အကြာကြီးပဲနော် ဟင့်"
"ဘေဘီ မငိုနဲ့တော့နော် ဗိုက်ထဲက ခလေးလေးပါ နေမကောင်းဖြစ်မယ်နော် ကိုကို မှတ်မိအောင် ဘေဘီကပြောပြလေနော် ကိုကိုလဲကြိုးစားမယ်နော်"
ဘုန်းသန့်စိတ်ထဲမှာ ဘေဘီဆိုတဲ့အသက်
စိတ်ကောက်ရင်လူကနေလို့ထိုင်လိူ့မရဖြစ်နေတာ ခုလိုချွဲလာတော့မှစိတ်ကြည်သွားကာ ရင်ခွင်ထဲဝင်လာတဲ့ဘေဘီကိုထွေးပိုက်ကာ နဖူးလေးကိုငံု နမ်း
လိုက်တော့ သတိရထဲက ဘာလိုနေမှန်းမသိတာတွေ အကုန်ပြည့်စံုသွားသလိုခံစားရတော့သည်။အသက် ကိုကိုကချော့နေတာမို့ တမင်စိတ်ကောက်နေပေမဲ့ ကိုကိုက အရင်လိုပဲ စိတ်ရှည်လက်ရှည်ချော့တာမို့ အသက်ပျော်နေမိသည်။ဆေးရုံရောက်တော့ အသဲရဲ့ဦးအကူညီနဲ့ စစ်ဆေးပီးတော့ ဆရာဝန်က စိတ်ပူစရာမရှိပါဘူး တဖြည်းဖြည်းနဲ့သတိရလာပါလိမ်မယ် မူမူခင်တို့ တိုက်ထားတဲ့ဆေးအရှိန် ကျန်နေတာမို့ပါဆိုမှပဲ အသက် ပျော်သွားကာ ကိုကို့ကို တအားဖက်ထားမိသည်။စစ်ဆေးတာတွေပီးတော့ ဒယ်ဒီ့အခန်းကိုဆီသို့ လာရင်း ကိုကို့ကို ဒယ်ဒီနဲ့တွေ့ရင်စကားပြောမမှားဖို့သေချာမှာရသည်။ကိုကိုက ဒယ်ဒီ့ကိုလဲမြင်ရော
"ဦး ကမေမေ့သူငယ်ချင်း ဦးဦးမလား ဦးကဘေဘီ့ရဲ့
ဒယ်ဒီလား""အာ ဘာဘာ"
"ကိုကြီး စိတ်လျော့ ဖြေးဖြေးချင်းပြောရအောင်နော် သမီးတို့မလာခင်နွယ်ပြောထားတယ်လေ ဘုန်းသန့်ဘာမှမမှတ်မိဘူးလို့ ထူးထူးခြားခြား ကိုကြီးကိုတော့
မှတ်မိနေတယ် ကဲကိုကြီးပြောချင်တာကို ဒီဝှိုက်
ဘုတ်မှာဖြေးဖြေးချင်းရေး"
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...