အပိုင်း-၉
အသက်ကပြန်အိပ်ခိုင်းလို့ အသက်ကိုဖက်ပီးနှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်ပီး နိုးလာတော့ ဘေးမှာ အသက် မရှိတော့လို့ ဘုန်းသန့် အ လန့်တကြားထကာ
အသက်ကိုလိုက်ရှာတော့သည်။"ဘေဘီ ဘေဘီ"
အသက်ကိုအော်နေသော အကဲပို ကိုကို ကို့အမြင်
ကတ်တာနဲ့မထူးပဲ ကိုကိုနဲ့အသက်စားဖို့ breakfast ပြင်နေလိုက်သည်။အ ခန်းထဲမှာမတွေ့လို့ အခန်းပြင်ထွက်လာမှ မီးဖိုထဲမှာ စားစရာလုပ်နေတဲ့ဘေဘီ့ကိုမြင်မှ ဟင်းချကာ
နောက်ကနေခါးကိုဖက်ကာ ဆံပင်တွေကိုညှပ်ကလစ်နဲ့ပင့်တင်ထားလို့ပေါ်နေတဲ့လည်ပင်းသားနဲညှပ်ရိုးလေးတွေကိုဖွဖွနမ်းကာ"ဘေဘီက ကိုကိုခေါ်တာဘာလို့မထူးတာလဲ"
"အမြင်ကတ်လို့လေ အသက်ကပဲထွက်ပြေးမှာကျနေတာပဲ ဟွန့် လူကိုမယုံသင်ကာ "
"ပြွတ်"
"ကိုကို ဘယ်လိုဖြစ်နေတာလဲ"
"ချစ်လို့ ရန်ထောင်နေတဲ့နှုတ်ခမ်းစူစူလေးကို မနမ်းပဲမနေနိုင်လို့ ပြွတ် ပြွတ်"
"ကိုကိုနော်"
ဘေဘီ့ရဲ့ ကိုကိုနော် ဆိုတဲ့အသံလေးဟာ ခပ်ချွဲချွဲလေးမို့ စိတ်ထဲ ဘေဘီနဲ့ပိုနီးကပ်လာသလိုခံစားစေလို့ ဘုန်းသန့် အသ ည်းခိုက်အောင်နှစ်သက်လှသည်။
"ဘာတွေလုပ်နေတာလဲ ကိုယ်နိုးမှလုပ်ပေးမှာပေါ့"
"နေမကောင်းတဲ့သူကို မလုပ်ခိုင်းပါဘူး ကိုကိုနေ
ကောင်းအောင်နေ နေကောင်းမှအသက်ဆိုးလို့ရမှာ""ဟုတ်ပါပီဗျာ ကဲအခုဘာစားရမှာလဲ"
"ရေခဲသေတ္တာထဲကရှိတဲ့ အသီးအရွက်ရယ် ဘေကွန်
ရယ်နဲ့ခေါက်ဆွဲခြောက်နဲ့ ခေါက်ဆွဲကြော်လုပ်ထား
တယ် ကော်ဖီနှပ်ထားတယ်""ဘေဘီ ဒါတွေလဲလုပ်တတ်တာပဲလား ကိုယ်ကမ
လုပ်တတ်ဘူးထင်နေတာ""အံမယ် လူများအထင်သေးလို့အကုန်ချက်တတ်တယ် မာမီကသမီး၂ယောက်လုံးကိုအကုန်သင်ပေးထား
တယ် မလုပ်တတ်ဘူးဆိုတာမရှိရဘူးမလုပ်ချင်လို့ပဲ
ဖြစ်ရမယ်ဆိုပီးလေ"
YOU ARE READING
စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်
Romanceဦးတည်စေမင်း ကိုယ့်ပတ်ဝန်းကျင်က ငွေမက်သောအမျိုးသမီးများကြောင့် အချစ်ကိုလဲမယုံကြည် အမျိုးသမီးဆိုလဲအမေနဲ့အဖွားကလွဲရင် ဘယ်အမျိုးသမီးကိုမှ လက်ခံလို့မရတဲ့ သူရဲ့ ရင်ထဲကို အလောင်းစားတခု ကြောင့် နိုင်လိုဇောနဲ့ဝင်ရောက်လာတဲ့ မိန်းခလေးကိုမှ ချစ်သွားသောအခါ သဲလက်...