Part-40

2.4K 75 3
                                    

အပိုင်း-၄၀

တည်စေမင်း ကျော်ထက်ကို ဖုန်းဆက်ကာ အကုန်အဆင်ပြေရဲ့လား မရီးနဲ့ ခယ်မလေးစိတ်ကြိုက်သေချာလုပ်ဖို့မှာရသည်။ဒီနေ့ ဆိုဖီနဲ့အသက်က Baeကို Bridal shower လုပ်ပေးမယ်ဆိုလို့ ကိုယ့်ဟိုတယ်မှာပဲ ဆိုဖီနဲ့အသက်စိတ်ကြိုက်ပြင်ခိုင်းရသည်။Bae က rose goldကာလာကြိုက်တာမို့ အပြင်ဆင်အားလံုးကို rose goldကာလာနဲ့ ရေမွေးနှင်းဆီပန်းအပွင့်ကြီးတွေ ယိုးဒယားကနေမှာခိုင်းကာပြင်ဆင်ခိုင်းရသည်။ပွဲကညနေမှမို့ ဒီဖိုင်တွေလက််မှတ်ထိုးပီးရင်တော့ ခနသွားကြည့်မယ်စိတ်ကူးရသည်။မင်ဂလာပွဲပီး
ရင်နောက်နေ့ ဟန်းနီးမွန်းက၂ပါတ်လောက်ကြာမှာမို့ ကိုယ်ကော Baeပါ အလုပ်များနေကြသည်။ခုလဲ Baeအတွက်ပွဲမို့ လှလှပပနဲ့Baeအကြိုက်လေးဖြစ်စေချင်တာမို့ အချိန်ယူကာ အပြေးလွှားသွားကြည့်ရသည်။

အသဲ အလုပ်လုပ်နေတုန်း ဆိုဖီနဲ့အသက်ရောက်လာလို့မျက်လံုးပြူးရသည်။မဗိုက်၂ယောက်က သူတို့
ယောက်ကျားတွေပူဆာမရရင်ကိုယ့်ဆီရောက်လာ
တတ်တာမို့ဖြစ်သည်။

"ကဲဗိုက်၂ဗိုက် အလှတွေပြင်ပီး ဘယ်သွားကြမလို့လဲ"

အသက်က

"အသဲ နင့်ဦး ဟိုတယ်က ဘူဖေးကောင်းတယ်တဲ့ အဲ့ကိုdinnerသွားစားရအောင်"

"အဲ့ဒါများ ဆိုဖီနဲ့သွားရင်ရတယ်လေ"

ဆိုဖီက

"နာနာ့ကိုလဲခေါ်ထားတယ် ခါတိုင်းလို ၄ယောက်တူတူသွားချင်တာ"

"ဟုတ်ပါပီ ဗိုက်ဗိုက်တို့ရယ် ၆နာရီကျော်မှရုံးဆင်း
ရင်ဖြစ်လား"

"ရတယ်"

၂ယောက်လံုးတသံ တည်းထွက်လာလို့ အသဲ
မျက်စောင်းထိုးကာ အလုပ်ဆက်လုပ်နေလိုက်သည်။သတိရလို့ကြည့်တော့ မဗိုက်၂ယောက် ပီဇာမှာစားနေတာမို့

"ဟဲ့ဘူဖေးသွားစားမလို့ဆို ခုစားရင်ခနနေမစားနိုင်ပဲနေမယ်"

ဆိုဖီက

"ရတယ် စားနိုင်တယ်"

အသက်က

"ငါဖြင့်ခုစားနေတာ ဗိုက်ထဲဘယ်လိုမှမနေဘူး"

အသဲရင်ဘတ်ဖိကာ

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now