"ဟူး~"
ကားပါကင်သို့လျှောက်လာရင်းဘေးနားမှသက်ပြင်းရဲ့ရဲ့ချသံကြောင့် Gemini လှည့်ကြည့်မိလိုက်သည်...
"ဘာဖြစ်တာတုန်း?"
"အင်း မသိဘူး လူကမလန်းသလို လန်းသလို!"
ကားရှေ့ရောက်တော့အရင်ဆုံးဝင်သွားသော fourth ကိုကြည့်ရင်းတစ်ချက်မျှပြုံးကာ driver's seat သို့သူဝင်ထိုင်လိုက်သည်...
"ကဲပြောပါအုန်း အသေးကောင် မင်းကြည့်ရတာတော်တော်လေးကို ပင်ပန်းနေတဲ့ပုံနဲ့!"
"မသိဘူးလို့! ငါ့ကိုယ်ငါတောင်ဘာဖြစ်နေမှန်းစဉ်းစားလို့မရတာကိုနော်!"
သူ့ကိုရန်တွေ့ရင်းတစ်ဖက်သို့လှည့်သွားသော Fourth အားသူဆက်ပြောမနေတော့ပေ ကားစက်နှိုးလျက် ကွန်ဒိုမဟုတ်သော နေရာအဆန်းအသစ်တစ်နေရာဆီသို့ မောင်းထွက်လာခဲ့တော့သည်...
*ဒီညတော့ ငါမင်းကိုပျော်အောင်လုပ်ပေးမယ် အသေးကောင်!*
............
Fourth တစ်ယောက် သတိထားမိလာသည်..ခုGemဟာ ကွန်ဒိုပြန်တဲ့လမ်းမဟုတ်ဘဲ အဝေးကြီးကိုမောင်းနေတာလေ...
"အမ်? Gem ဒါဘယ်လိုကြွနေပြန်တာလဲ ငါပင်ပန်းနေတယ် နားချင်ပြီလို့!"
"ဟိုရောက်ရင်မင်းပျော်သွားမှာစိတ်ချ"
"အောင်း! ငါဘယ်ကိုမှမသွားချင်ဘူး ငါအိပ်ချင်တယ်လို့ Ai Gem!!!"
ကားမောင်းနေသောလက်အားထုရိုက်လာသောအသေးကောင်ကြောင့် ဟန်ချက်ပါပျက်သွားရသည်..ဒါတောင်ပင်မရပ်သေးသောသူ့ကြောင့်!
"ဟေး! အသေးကောင် လျှောက်မလုပ်နဲ့ မှောက်ရင်မင်းရောငါရော ရှောသွားမှာနော်!"
"ဟင့် ငါအိမ်ပြန်ချင်တယ် ငါ့ကိုပြန်ပို့ အယုတ်တမာကောင်"
"ငါပြောတယ်လေ..မင်းသေချာပေါက်ပျော်မှာပါဆိုနေ ငြိမ်ငြိမ်လေးလိုက်ခဲ့စမ်းပါ ငါကပြန်ပေးဆွဲမဲ့ကောင်လည်းမဟုတ်!"
"ဟူး~"
မနိုင်ဘူးဟူသောသဘောဖြင့်ကြည့်ကာမျက်လုံးများမှိတ်ချလိုက်ရင်း အနောက်ဘက်သို့မှီချလိုက်သော fourth အားကြည့်ကာ သူရီလိုက်သည်........မင်းကတစ်ကယ်မနိုင်စိန်လေးဘဲ!