"Boss! Boss"
Melu၏လှုပ်နှိုးသံကြောင့် နိုးထလာခဲ့သည်...
"အမ်? Meluရောက်ပြီလား"
"ဟုတ်ကဲ့"
အထုတ်အပိုးများသယ်ကာဆင်းသွားသော Meluကိုတစ်ချက်မျှကြည့်ရင်း လက်ကနာရီကိုအကြည့်ရောက်မိသည်...ohh..ည 12:00တောင်ရောက်နေပြီဘဲ!
Necktie ကိုသေချာနေရာချရင်း လေယာဉ်ပေါ်မှတစ်လှမ်းခြင်းဆင်းလာသည်...အောက်ရောက်သည်ဆိုတာနှင့် အသင့်ပြင်ထားသော ကားနှင့် Melu ကစောင့်ကြိုလို့နေသည်...ကားပေါ်သို့တက်လိုက်ရင်း Bokin ချိတ်ထားသော New York အဆင့်မြင့် Hotel ကြီးဆီသို့ သွားရန် Meluကိုပြောလိုက်သည်....ဘောင်းဘီအိတ်ကပ်ထဲမှ မြည်လာသောဖုန်းသံကြောင့် ဆွဲထုတ်လိုက်သည်..
«p' Love »
"ဟယ်လို မမ"
"အွန်း ကလေး ရောက်ပြီလား"
"ဟုတ် မမခေါ်တာနဲ့ကွက်တိဘဲ သားအခုဘဲ ကားပေါ်ရောက်တာ"
"ဟုတ်လား ဒါဆိုမင်းမမကအချိန်မှန်းတာတော်သွားပြီဘဲ"
"ဒါပေါ့ ဒါပေါ့"
"Hotel ရောက်ရင်သေချာအနားယူအုန်းနော် ကလေး မမစိတ်ချမယ်"
"ဟုတ် မမ ဒါဆိုသားဖုန်းချတော့မယ် bye!"
"Bye baby"
ထို့နောက် ဖုန်းကိုပိတ်ကာ အပြင်ဘက်သို့ငေးကြည့်ရင်း ရောက်တတ်ရာရာတွေးနေမိသည်.... ထိုလူသားလေးကတော့မပါမဖြစ်ပေါ့~
............
Hotel သို့ရောက်ရောက်ချင်းပင် ခုတင်ပေါ်သို့ပစ်လှဲမိသည်...ဟူး~ပင်ပန်းလိုက်တာ!အိစက်နေသော ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း အိပ်မည်ကြံတော့ စကားသံလေးတစ်ချို့ဟာ ပြန်ကြားယောင်လို့လာသည်...
"ဟေး! fourth မင်းရေမချိုးဘူးလား? မင်းတော်တော်ညစ်တီးညစ်ပတ်နိုင်တာဘဲ"
တစ်ချက်လောက်ခေါင်းကိုရိုက်လိုက်ရင်း ထထိုင်မိသည်..
"ဟင်း~Ai Gem မင်းကနေရာတိုင်းဘဲနော်"