11🌪️

928 84 32
                                    

××××××Night Time×××××××

"Gem~"

အသေးကောင်၏ခေါ်သံကြောင့်ဘေးနားသို့လှည့်ကြည့်လိုက်သည်...တစ်နေကုန်စားကြသောက်ကြဓာတ်ပုံတွေရိုက်ကြနေရာစုံလျှောက်သွားခဲ့ကြကာ တော်တော်လေးကိုပျော်ခဲ့ကြသည်....ညနေစောင်းနေဝင်ချိန်ကို Fourth Nattawat မှကြည့်ချင်ပါသည် ဟုသောစကားကြောင့် ညနေဘက်ကိုပြန်လာကာ ကမ်းခြေရှိသဲသောင်ပြင်တွင် ခြေဆန့်လက်ဆန့်ဖြင့်ထိုင်နေကြခြင်းသာ...

"လှတယ်နော်~"

လေသံတိုးတိုးဖြင့်ဆိုလာသောကြောင့် ပြုံးလိုက်ရင်း...

"အင်း အရမ်းလှတယ်"

"Gem"

ဒုတိယတစ်ကြိမ်ခေါ်ဆိုမှုကြောင့် မေးငေါ့ပြလိုက်တော့..

"Bar သွားရအောင်"

ဘုရားရေ! နေရင်းထိုင်ရင်းကနေဘာစိတ်ပေါက်သွားရတာလဲ?????အံ့ဩစွာပင်..

"ဘာလဲဟ! နေဝင်ဆည်းဆာကြည့်ရာကနေ ဘယ်လိုဖြစ်လို့အရက်ဘက်စိတ်ကူးရောက်သွားရတာလဲ"

"အင်း ဒီလိုပါဘဲ ငါသွားချင်လို့..သွားမလား"

"သွားမလားဘဲမေးရတယ်ရှိသေး ငါမသွားဘူးဆိုရင်တောင်မင်းကသွားမဲ့ကောင်လေ"

သူပြောလိုက်တော့ ချစ်စရာကောင်းတဲ့အပြုံးလေးတစ်ခုဟာထွက်ပေါ်လို့လာသည်...အသည်းယားစွာပင်ပါးလေးကိုဆွဲလိုက်တော့ လက်ကိုရိုက်ချကာ 'လာမထိနဲ့' တဲ့လေ...မင်းကအရမ်းစွာတာဘဲ Fourth!

.......
မီးရောင်စုံများဖြင့်လူပေါင်းစုံရောထွေးနေသောနေရာအတွင်းသို့ တိုးဝင်ခဲ့ကြသည်....အရက်သောက်၍ရသည်ဆိုသော်လည်းသူမသောက်ခဲ့ သူသာသောက်၍မူးသွားခဲ့ရင် Fourth Nattawat ဟူသောထိုလူသားလေးအားသူမထိန်းနိုင်တော့မည်ဆိုးသောကြောင့်ပင်...တစ်ခြားတော့မဟုတ် လူကောင်သေးသော်လည်း မတရားသောက်နိုင်လွန်းသည်ကြောင့်သာ...တစ်ခါတစ်ခါသောက်ပြီဆိုရင်အတိုင်းအတာထက်အလွန်သောက်တတ်သည့် သူငယ်ချင်းဖြစ်သူ၏အမူအကျင့်များအားနောကျေနေတာကြောင့်ဖြစ်သည်...

ကော့တေးတစ်ခွက်မှာရင်း နေရာလွတ်တစ်ခုတွင်ဝင်ထိုင်ကာ ကလပ်ပေါ်‌တွင်မူးမူးရူးရူးဖြင့်ကခုန်နေသော အသေးကောင်အားမျက်ခြေမပြတ်စောင့်ကြည့်နေရသည်...လက်တွင်အရက်ပုလင်းကိုင်လျက် ခုန်ပေါက်နေသည်မှာ သူ့အမြင်တွင်တော်တော်ချစ်စရာကောင်းသည်...သို့သော်လည်း သူ၏စိတ်ကြည်နူးမှုဟာခဏအတွင်းမှာပင်မြင်လိုက်ရသောမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးစရာအဖြစ်ပြောင်းလဲသွားရသည်..အကြောင်းကား ကခုန်နေသော အသေးကောင်၏အနားသို့ကပ်ကာ ပွတ်သီးပွတ်သပ်လုပ်နေကြသော လူနှစ်ယောက်ကြောင့်သာ...အရမ်းကိုကပ်သပ်နေတာကြောင့် Fourth မှာသူတို့ကိုတွန်းထုတ်နေသည်ဆိုသော်လည်း ပိုပိုဆိုးလာတာကြောင့် သူထကာ ထိုကောင်လေးဆီသို့လျှောက်သွားလိုက်သည်....ရောက်ရောက်ခြင်းပင်ရုတ်ချည်းဆိုသလို အသေးကောင်၏ခါးသွယ်သွယ်လေးအားဆွဲဖတ်လိုက်ရင်း...

𝕯𝖎𝖋𝖋𝖊𝖗𝖊𝖓𝖙ˡᵒᵛᵉ ☠︎︎Where stories live. Discover now