Gemini အသံလာရာအနောက်ဘက်သို့လှည့်ကြည့်လိုက်သည်...ထို့နောက်အရမ်းချိုသာလှသောစကားတစ်ခွန်းကိုဆိုလိုက်သည်...
"မင်းနိုးလာရင်မျိုဖို့ ငါဒီမှာလက်အပူခံပြီး ဆန်ပြုတ်လာပြုတ်နေတာ ခွေးကောင်!"
သူ့ကိုကြည့်ကာပြုံးဖြီးနေသော မျက်နှာအားလျစ်လျူရှုလိုက်ရင်း လုပ်လက်စကိုသာဆက်လုပ်နေလိုက်သည်....
"အိုးဟိုး.... သူ့စောက်စိတ်ကြီးဘဲ ကဲကဲ ဘာအလုပ်မှမလုပ်တတ်တဲ့လူက ဆန်ပြုတ်ပြုတ်မှာဆိုတော့ စားကြည့်ရသေးတာပေါ့ဟေ!"
စားပွဲဝိုင်းပေါ်လက်ထောက်မေးတင်ကာဆိုလာသော အနှီသကောင့်သားလေးအား..
"ဆန်ပြုတ်လောက်ကတော့ ဟိုး ၁၂နှစ်ကလေးတောင်တတ်တယ် မင်းအပေါက်တိတ်!"
"ဟုတ်ပါပြီ ငါတိတ်လိုက်မယ်!"
နှုတ်ခမ်းပါးနှစ်ခုကိုတင်းတင်းစေ့ကာ ဇစ်ဆွဲလိုက်သည့်ပုံစံအားလုပ်ပြလာသော အသေးကောင်..!တစ်ခါတစ်လေ မင်းကတအားအမြင်ကတ်စရာကောင်းတယ် ခွေးကောင်လေး!!!
မလုပ်တတ်လုပ်တတ်နှင့် ခက်ခက်ခဲခဲလုပ်ထားရသောဆန်ပြုတ်ပူပူလေးအား ပန်းကန်လုံးလေးထဲထည့်လိုက်ရင်း စားပွဲဝိုင်း၌ထိုင်စောင့်နေသော Fourth ရှေ့သို့ချပေးလိုက်သည်....ထို့နောက် အသေးကောင်၏ဘေးတွင်ဝင်ထိုင်ကာ သူကြိုးစားထားတဲ့ရလဒ်ကိုစောင့်မျှော်နေလိုက်သည်...
"စားပြီးနော် ဟဲဟဲဟဲဟဲ"
စားမှာဖြင့်ကိုမစား..စကားပလ္လင်ခံနေသော အသေးကောင်ကို မျက်စောင်းထိုးပြလိုက်တော့ တစ်ဇွန်းခပ်စားလိုက်သည်လေ...
"ဘယ်လိုလဲ"
သူမေးလိုက်သော်လည်း မျက်နှာကြီးရှုံ့မဲ့သွားသော fourth ကြောင့်....
"ဘာလဲ မကောင်းဘူးလား?"
သူစိတ်လှုပ်ရှားစွာပင် မေးလိုက်တော့ သကောင့်သားဟာရုပ်တည်ကြီးနှင့် ထပြောလေသည်...
"ရွှေဇွန်းကိုက်မွေးလာတဲ့ သူဌေးသားလေးက ဆန်ပြုတ်တော့အထူးစပါယ်ရှယ်ပြုတ်တတ်သားဘဲဟ စွရမ်းကောင်းတယ်!"
လက်မတစ်ထောင်ထောင်ဖြင့် တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသော အသေးကောင်အားကြည့်ရင်း သက်ပြင်းသာချမိတော့သည်။