မျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်လာသော ကောင်ငယ်လေး၏မျက်နှာလေးအားလက်ဖြင့်အုပ်ကိုင်လိုက်သည်..ထို့နောက် ကောင်လေးအား ခုတင်ပေါ်သို့ထိုင်ခိုင်းလိုက်ရင်း ထိုကောင်လေး၏ပေါင်ေပါ်၌နေရာယူလိုက်၏...
Flash back>>>>
Fourth သူ့ကိုစိတ်ဆိုးကာအဆက်အသွယ်ဖြတ်သွားခဲ့သည့်ထိုနေ့....အဲ့နေ့မှာပင် သူ့ရဲ့စိတ်ခံစားချက်တို့ဟာ ထိုကောင်လေးအပေါ်စွဲလမ်းနေမိမှန်းသိခဲ့ရသည်...အရက်တွေသေအောင်သောက်ကာ ထိုခံစားချက်ကြီးအား တွန်းလှန်ရန်ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့... Fourth ဟာသူ့ရဲ့ငယ်ပေါင်းပါ..ဘာကြောင့်များ ရုတ်တရက်ချည်း မဟုတ်တရုတ်စိတ်တွေဝင်လာခဲ့ရတာလည်း...နာရီပေါင်းများစွာကြာအောင်စဉ်းစားသော်ငြား အဖြေရဲ့လမ်းစတောင်ရှာမတွေ့ခဲ့ပါ....ခုတင်ပေါ်တွင်ခွေခေါက်လူးလိမ့်ရင်း Fourth Nattawat မရှိတော့သည့် ကြောက်စရာညကြီးအား ဘယ်လိုဖြတ်သန်းရမလဲသူမသိ.....အခန်းတစ်ခုလုံးတွင် ဘီယာဘူးခွံတွေဟာ ပြန့်ကျဲလို့နေသည်....
"ဘာလို့လဲ? ဘာလို့လဲ!!!!!! ဘာကြာင့်များ ဒီသူငယ်ချင်းကြီးကိုမှချစ်မိသွားရတာလဲ!!!!!!!!"
အရူးတစ်ယောက်လိုပင်အော်ငိုနေမိ၏....သိခဲ့ရပါသည်...သူထိုကောင်လေးကိုချစ်မိနေပြီ~
..............
ပထမနေ့မှာပင် ကျောင်းဆင်းဆင်းခြင်းFourth အိမ်သို့ထွက်လာခဲ့၏....ခြံရှေ့ရှိဘဲလ်အားတီးမို့ပြင်လိုက်စဉ်မှာပင် အလုပ်မှပြန်လာသော အမLove နှင့်တိုး၏။"Ohh...မောင်လေး Fourth ဆီလာတာလား"
အမကသူ့ကိုပြုံးပြကာ ကြိုဆိုသည်...
"ဟုတ် အမ"
"လာလေ ဘာရပ်နေတာလည်း အထဲကိုဝင်"
သူပုခုံးကိုဖက်ကာ အိမ်ထဲသို့ခေါ်လာခဲ့သည်...ထို့နောက်သူ့အား ဧည့်ခန်းထဲတွင်ရှိနေသော အန်တီတို့က ပြုံးကာကြို၏..
"သားGem မင်းသူငယ်ချင်းဆီလာလည်တာလား"
"ဟုတ် အန်တီ"
သူ sofa ဆီသို့သွားရင်း သတင်းစာဖတ်နေသော ဦးလေးရှေ့တွင်ဝင်ထိုင်လိုက်သည်...ထို့နောက်အန်တီနှင့်အမကပါအတူတူလာထိုင်သည်...