Becky အမြန်ဆုံးရေချိုးပီး အဝတ်အမြန်လည်းပီးအောက် ပြန်ဆင်းလာတော့
Breakfast ဝိုင်းမှာ စားလို့ပီးလို့ ကော်ဖီသောက်ရင်း မာမီနဲ့ စကားပြောနေကျတယ်
Bec ဝင်လာတာမြင်တော့ မာမီက
အလုပ်ကိစ္စအပြင်သွားရမှာမို့ မမတို့ကိုနုုတ်ဆက်ပီးထွက်သွားတယ်
မမ သူငယ်ချင်းဝတီကလည်း ဟိုဘက်အိမ်မှာ ပစ္စည်းနောက်တခေါက်ထပ်ရောက်လို့ သွားနှင့်မယ်ဆိုပီး ထွက်သွားတယ်
ထမင်းစားခန်းထဲမှာ မမ နဲ့ bec နှစ်ယောက်ပဲ ကျန်ခဲ့တယ်
Becky စားပွဲမှာ ဝင်ထိုင်တော့Freen က ....ချာတိတ် ဘာလို့ ဆံပင်ကို ရေခြောက်အောင်မသုပ်တာလည်း
မမတို့ ပြန်သွားမှာဆိုးလို့ အမြန်ဆင်းလာချင်လို့ 😁
ခေါင်းကိုက်ပီးဖျားလိမ့်မယ်လေ
ဂရုစိုက်အူး ဟု စိတ်ပူပေးလာတော့ bec ပျော်နေတယ်ဟုတ် ခနနေ ရေခြောက်အောင် သုပ်လိုက်မယ် မမ
omm မုန့်ဟင်းခါးစားတော့ အေးကုန်လိမ့်မယ်
ဟုတ်...ဟုဆိုပီး bec က နည်းနည်းလေးပဲစားပီး ကော်ဖီခွက် လမ်းယူလိုက်တော့
ချာတိတ် စားတာက အဲ့လောက်ပဲလား
ဟုတ်တယ်လေ မမ
စားတာနည်းလိုက်တာ အဲ့ဒါကြောင့် သေးသေးလေး ဖြစ်နေတာနေမှာ
bec က ရီပဲနေတယ် မမအပြောကြောင့်
ချာတိတ်လည်းစားလို့ပီးပီဆိုတော့ မမ ပြန်တော့မယ် မမ ဟိုဘက်မှာ အလုပ်လေးရှိသေးတယ်
ဟုတ်မမ ဟို လေ မမ ဟုဆိုကာ ဆက်မပြောပဲရပ်နေတော့
freen က omm ပြောလေ ချာတိတ်ဆိုတော့Bec မမ အိမ်ဘက်ကိုလိုက်ခဲ့ချင်တယ် ရမလား
omm ရတယ် ဒါပေမယ့် အရင် ဆံပင်ရေခြောက်အောင် လုပ်ခဲ့ ပီးရင် လိုက်ခဲ့ Okay လား
Okay 😁😁
အာ့ဆို မမ သွားပီနော်
ဟုတ် မမBecky အပေါ်ပြန်တက်လာပီး ဆံပင်ရေခြောက်အောင်အရင်လုပ်လိုက်တယ်
နောက် မမ ကိုကူညီရမှာဆိုတော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဘောင်းဘီတိုလေးနဲ့ တီရှပ်လေးပဲ ပြောင်းဝတ်လိုက်တယ် နောက်အလှနဲနဲ ပြင်ပီး မမ အိမ်ဘက်ကူးလာခဲ့တယ်
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...