Part 15

2.2K 78 6
                                    

Freen အရမ်းပင်ပန်းလာလို့ထင်တယ်
အိပ်ပျော်သွားလိုက်တာ
Freen ပြန်နိုးလာတော့ နာရီကြည့်လိုက်တာ ၈ နာရီတောင်ထိုးနေခဲ့ပီ
နိုးလာတော့ ခေါင်းထဲမှာ ငြီးစီးစီး ဖြစ်နေတာမို့ ရေချိုးပီး
ညစာ စားဖို့ ဆင်းလာခဲ့လိုက်တယ်
ဖုန်းမှာ Miss call ဝင်ထားတာမို့ စစ်ကြည့်တော့ babe ခေါ်ထားတာ သုံးလေးခေါက်လောက်ခေါ်ထားတာမို့
ပြန်ခေါ်ရမလားတွေးနေမိတယ်
သူမ အရမ်းပင်ပန်းလာလို့ခလေးကိုပါ ရော်ပီး စိတ်ဆိုးမိသွားတာမို့ စိတ်မကောင်းဖြစ်သွားတယ်
Babe လေးသနားပါတယ်အရမ်းတွေ ငိုနေပီလားမသိဘူးဆိုပီးတွေးနေတုန်း
မငယ်က သူမနားလာရပ်ပီး မျက်နာကိုကြည့်နေတာမို့
မငယ် ဘာပြောစရာရှိလို့လည်း
မမကြီး ဟိုဘက်အိမ်က မမငယ်တို့မရှိဘူးလား
Bec ရှိတယ်လေ ဘာလို့လည်း
ခြံတံခါးရော် အိမ်တံခါးတွေရော် မပိတ်ထားဘူး မီးတွေလည်းမထွန်းထားဘူး
ဘာများဖြစ်လို့လည်းမသိဘူး
မငယ်သွားကြည့်လိုက်ရမလား
ရတယ်နေနေ မငယ်
မမကြီးသွားကြည့်လိုက်မယ်ဆိုပီး
သူမ Babe တို့အိမ်ဘက်ထွက်လာခဲ့လိုက်တယ်
Babe ရေ ဘာတွေ လုပ်နေတာ အမှောင်ကြီးထဲ မီးလည်းမထွန်းထားဘူး တံခါးတွေလည်း မပိတ်ထားဘူး

သူမ အိမ်ထဲရောက်မှ မီးတွေ လိုက်ထွန်းလိုက်တယ်
အောက်ထပ်မှာဘယ်သူမှ မရှိတော့ ကြည့်ရတာ အန်တီလည်းပြန်ရောက်သေးပုံမပေါ်
သူမလှေကားတတ်လာရင်း Babe ကိုခေါ်နေတာ ထူးသံလည်းမကြား
အပေါ်ထပ်ကမီးတွေထွန်းပီး Babe အခန်းထဲကိုဝင်လာလိုက်တော့ အခန်းမီးတွေဘည်း မှောင်မဲနေတာမို့
သူမအခန်းမီးအရင်ထွန်းလိုက်တော့
တွေ့ပါပီ အခန်းထောင့်မှာ ဒူးလေးတုတ်ထိုင်ပီး
မျက်လုံးတွေ အစ်နေအောင် ငိုထားတဲ့ကောင်မလေး
Freen စိတ်မကောင်းဖြစ်သွားတယ်

Babe မမ ပြန်သွားကတည်းက အဲ့လိုထိုင်နေခဲ့တာလား
Babe ကမဖြေ
Babe မမ မေး​နေတယ်လေ ဘာလို့အဲ့လိုတွေလုပ်နေတာ
ထလိုက် အပေါ်မှာထိုင်ရအောင်ဆိုပီး သူမလက်ကို ဆွဲထူတော့
Babe က Freen လက်ထဲကနေ ရုန်းထွက်ပီး အကိုင်မခံ
မထိနဲ့ Babe က မမနဲ့ ဘာမှ မသက်ဆိုင်တဲ့သူ
မမကိုယ့်ဘာနေကိုယ် နေသာသလိုနေရတယ်
babe မမ စကားနားထောင်ခနလေးထ အပေါ်မှာထိုင်လိုင်ဆိုပီး
သူမရုန်းနေတဲ့ကြားက ဇွတ်ဆွဲထူပီး ကုတင်စွန်းမှာ ထိုင်ခိုင်းလိုက်ပီး
သူမလက်နှစ်ဖက်ကို Freen ဆုတ်ကိုင်ပီး သူမရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်
Freen သူမကိုင်ထားတဲ့ Babe ရဲ့လက်ကို သေချာယူကြည့်လိုက်တော့
လက်မှာ ကိုက်ထားတဲ့သွားရာနဲ့ သေးသေးလေးပေါက်ပီး သွေးတောင်စို့နေတယ်
Freen ရင်ထဲမှာ မခံစားနိုင်တော့ပဲ
မျက်ရည်တွေကျလာမိတယ်

MineWhere stories live. Discover now