Becky တယောက် Mandalay ရောက်ကတည်းက တနေ့လည်လုံးမအားနိုင်
မမကို သူမရောက်ပီဆိုတာ ဖုန်းဆက်ပီးကတည်းက
ဖုန်းကိုမကိုင်ဖြစ်တာ အခုညဘက်ရောက်မှ
သူမအတွက်စီစဥ်ပေးထားတဲ့အခန်းထဲဝင်လာပီး
ကုတင်ပေါ်မှာ အညောင်းဆန့်ဖို့ခနဝင်လှဲလိုက်ရင်း
သူမ မမကို အရမ်းတွေ သတိရပီး လွမ်းနေပီမို့
ဖုန်းဆက်မယ်စိတ်ကူးပီး ဖုန်းထယူလိုက်တော့
မမစီက ဖုန်းဝင်ထားတာမို့
သူမ မမဖုန်းကို ပြန်ခေါ်လိုက်တယ်
မမက ဖုန်းမကိုင် နာရီကိုလှမ်းကြည့်တော့
၉ နာရီထိုးနေပီမို့
မမများ အိပ်ပျော်နေလား ဒါမှမဟုတ်ရေချိုးခန်းများဝင်နေလို့လား မသိဘူး ဆိုပီး
ဆက်မခေါ်ပဲ ထားလိုက်တယ်
ဖုန်းကိုဘေးချထားပီး ခနမျက်လုံးမှိတ်ပီး အနားယူနေရင်း
သူမအတွေးတွေက ပြန့်လွင့်နေတယ်
Mandalay ရောက်ပီဆိုကတည်းက
လေးသောင်းမိန်းမနဲ့ သားသမီးတွေရဲ့ငိုသံ မာမီ့ ငိုသံတွေ
ရောက်ကတည်းက ဆက်တိုက်ကြားနေခဲ့ရတာရော် ခရီးပန်းလာတော့ လူက မူးနောက်ပီး
အခုချိန်ထိ မျက်လုံးမှိတ်ထားတာတောင်
ငိုသံတွေက နားထဲ ကြားနေသယောင်မို့ သူမခေါင်းနောက်လာပီး မျက်လုံးပြန်ဖွင့်ပီး အာရုံလွဲဖို့
ဖုန်းကိုပြန်ကောက်ကိုင်ပီး
Data ဖွင့်ပီး Facebook သုံးနေလိုက်တယ်
မမဘယ်ချိန်နောက်ဆုံး သုံးထားလည်း သိချင်တာမို့
မမအကောင့်ထဲဝင်ကြည့်လိုက်တော့
ညနေပိုင်းကနောက်ဆုံးသုံးထားတာမို့
ပြန်ထွက်မယ်လုပ်ပီးမှ မမရဲ့ profile ထဲ ဝင်ကြည့်လိုက်တော့ မမဝတီက မမကို Tag တွဲပီး အုပ်စုပုံတွေတင်ထားတာမို့ သူမ ပုံတွေကို တစ်ပုံချင်းစီ ဝင်ကြည့်ရင်း
သွေးတွေ စူပွက်လာသလို ခံစားလိုက်ရတယ်
မမရဲ့ ပုခုံးပေါ်ကိုလက်တင်ပီး ပြုံးနေတဲ့ နိုင်လင်းဆိုတဲ့လူရဲ့ပုံ
နောက်တပုံမှာတော့ နိုင်လင်းနဲ့ မမနဲ့ တယောက်မျက်နာတယောက်ကြည့်ပီး ပြုံးနေသလိုပဲ နိုင်လင်းဆိုတဲ့သူက ကြည်နူးနေတဲ့ မျက်နာနဲ့ မမရဲ့မျက်နာကတော့ သေချာမမြင်ရပေမယ့်
ပြုံးနေသယောင်မို့
သူမမှာ အုပ်စုလိုက်ပုံမှာ ဘာလို့ သူတို့နှစ်ယောက်က အတူတွဲရတာလည်း
မမက ဘာလို့ အဲ့လူမျက်နာကို ကြည့်နေတာလည်း အဲ့လူကရော် ဘာလို့ ပြုံးဖြီးနေတာလည်း
Becky ဘယ်လိုမှ မနေနိုင်တော့ပဲ မမဖုန်းကို ဆက်တိုက်ခေါ်နေခဲ့တယ် မမကတော့ ဖုန်းမကိုင်ခဲ့
(တကယ်တော့ တစ်ဖက်မှာ Freen ပြသနာတတ်နေတဲ့ချိန်က Becky ဖုန်းခေါ်နေတဲ့ချိန် ဖြစ်နေတော့ သူ့ကလေး ဖုန်းခေါ်နေတာကို Freen မသိခဲ့)
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...