Bec ရဲစခန်း....ရဲစခန်းက ဖုန်း....ဖုန်း..ဖုန်းဆက်တယ်
P Namm ဖြည်းဖြည်းပြော
Bec မှာ ရဲစခန်းက ဆိုကတည်းက ရင်ထဲ ဒိန်းခနဲ့ ဖြစ်သွားပီး ဆက်နားမထောင်ရဲဘူးဖြစ်နေမိတယ် .
.
.
Freen အကြောင်း သိရပီတဲ့
ရဲစခန်းကိုအမြန် လာခဲ့ပါတဲ့......ဘယ်လိုသိရတာလည်း မမ ဘယ်မှာရှိတယ်ဆိုတာသိတာလား
ဘယ်လိုသိရတာလည်း P Namm သေချာပြောလေBecky က စိုးရိမ်တကြီးနဲ့ မေးနေပေမယ့် P Namm လည်း ဘာမှသေချာမမေးလိုက်ရတာမို့ ပြန်မေဖြေနိုင် ဖြစ်နေတယ်
P Namm လည်း သေချာမသိရသေးဘူး Becky
P Namm တို့ အခု ချက်ချင်းလိုက်သွားမှ ဖြစ်မယ် အဲ့တာမှ အကြောင်းစုံကို သေချာသိရမှာ .....Becky နဲ့ P Namm ရဲစခန်းသွားဖို့ကို လူတွေက ထူပူပီး ပြာယာခတ်နေတာမို့
ဝတီ နဲ့ မင်းခန့်က ကားထုတ်ပီး သူမတို့ကို လိုက်ပို့ပေးရင်း စိတ်အေးအေးထားဖို့ ဖြောင်းဖြလာရတယ်
ရဲစခန်းကို သွားနေတဲ့ လမ်းတစ်ရှောက်လုံး
Becky က ဘာစကားမှ မပြောပဲ
စိတ်ထဲကနေ မမကို လူကောင်းအတိုင်း ပြန်တွေ့ရဖို့ မမအန္တရာယ်ကင်းဖို့ပဲ တစ်လမ်းလုံး ဆုတောင်းလာမိတယ် ...☄☄☄☄☄☄☄☄☄☄☄☄☄☄
Freen မနက်အိပ်ယာနိုးကတည်းက
လူက ဂနာမငြိမ် အခန်းတံခါးဖွင့်သံကြားတိုင်း Dr.ဇွဲဝန များ ဖြစ်နေမလား ခနခန ထထကြည့်နေရတယ်
Nurse လေးတွေကတောင် Freen တခုခုကိုမျော်နေတာ သိလို့ စနေကျပီ.Freen ဒေါက်တာဇွဲဝနကို မျော်နေရတဲ့အကြောင်းအရင်းကတော့ မနေ့က ညနေက ဒေါက်တာက လိုအပ်တဲ့ သက်သေတွေအကုန်ပြင်ဆင်လို့ ပီးပီမို့ ဒီနေ့မနက်စောစော
ရဲစခန်းမှာ တိုင်ချက်သွားဖွင့်ရင်းနဲ့ Babe အကြောင်းကိုလည်း
စုံစမ်းခဲ့ပေးမယ်လို့ ပြောသွားတာမို့
သူ့မှာ မနက်အိပ်ယာနိုးကတည်းက ဒေါက်တာဇွဲဝနာ ဘယ်ချိန်ရောက်လာမလည်း တမျော်မျော် ဖြစ်နေရချင်းပါသူ Babe ကို အရမ်းလွမ်းနေပီ အရမ်းလည်းစိတ်ပူနေပီ
ကလေးက အခုချိန်မှာ ဘယ်မှာရှိနေပီး ဘာတွေ ဖြစ်နေမလည်း မသိရတော့ သူ ကလေးအတွက် အရမ်းစိတ်ပူနေမိတယ်
သူ သတိရလာတဲ့အချိန်ကနေ အခုချိန်ထိ
သူ့ကလေး ရောက်တဲ့နေရာမှာ အန္တရာယ်ကင်းဖို့ ဘယ်လိုအခက်အခဲမျိုးနှင့်မှ မကြုံရဖို့ တစ်ချိန်လုံး ဆုတောင်းပေးနေခဲ့တာ...
Babe ကို အရမ်းသတိရပီး မခံစားနိုင်လို့ မျက်ရည်တွေကျလာပီး ငိုမိတိုင်းလည်း
သူ့ ခေါင်းတွေ မခံမရပ်နိုင်လောက်အောင် ထိုးထိုးပီး ကိုက်လာတတ်တာမို့
သူ့ကိုယ်သူ ပြန်အားတင်းပီး မငိုမိအောင် ဂရုစိုက်နေရတယ်
သူအမြန်နေကောင်းကျန်းမာမှ ဖြစ်မှာ
သူမြန်မြန်နေကောင်းပီး သွားနိုင်လာနိုင်မှ ကလေးကိုရှာလို့ရမှာဆိုတော့
သူ မငိုပဲ သူ့ကိုယ်သူပဲ ကျန်းမာအောင် ဂရုစိုက်ပီး အမြန်နေကောင်းအောင် လုပ်နေတယ်...
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...