Part 34 👀 Final

3.7K 127 5
                                    

ဒီနေ့ Freen တို့ မန္တလေးက မင်းခန့်တို့ အိမ်ကို ဝင်ပီး နူတ်ဆက်ပီး ရန်ကုန်ကို ပြန်တော့မှာမို့ Hotel မှာ ပစ္စည်းတွေ သိမ်းနေကျတာ။

Bec မမ Laguage ကို မ မနဲ့ အရမ်းလေးနေတယ် မမ ပဲ မမယ်ထားလိုက်

Freen က မိဘတွေရှေ့မှာမို့ Becky ကို Bec လို့ပဲ ခေါ်တယ်
Freen နဲ့ Bec ရဲ့ ကိစ္စကို သူ့မိဘတွေ အကုန်သိထားတယ်ဆိုတာကို Freen တယောက်ပဲ မသိသေးတာ.
Becky ကလည်း Freen ကျန်းမာရေးကိုပဲ ဂရုစိုက်နေတော့ အဲ့ဒီကိစ္စကို မပြောပြဖြစ်သေးတာ ။

ပစ္စည်းတွေ ကားပေါ်တင်ဖို့ကို Freen ကို ဘယ်ဟာမှ မဖို့မပေးပဲ Bec ကပဲ အကုန်ဝိုင်းလုပ်နေတာမို့ Freen က Bec ကို အလေးတွေ မမဖို့ လိုက်အော်နေရတာ.
ဒီကလေးလေးဟာလေ သူဆေးရုံက ဆင်းလာကတည်းက သူ့ကို မျက်စိအောက်ကကိုအပျောက်မခံ အသေးစိတ်ကအစ လိုက်ဂရုစိုက်နိုင်လွန်းတာမို့ သူ့မိဘတွေကတောင်
ချီးကျူးနေကျတယ် ။
သူမလေးက အမြဲကလေးလေးလို နေလာရင်းကနေ အခုဒီပြသနာတွေ ဖြစ်ပီးကတည်းက အရမ်းတွေ ရင့်ကျက်လာပီး လူကြီးလေးလို ပြုမူနေတတ်တာမို့
Freen မှာ သူ့ချစ်သူကို အသည်းတယားယားဖြစ်နေရတယ် .

Freen ရဲ့ ဒယ်ဒီရော် မာမီပါ ကားပါလာတာမို့ တစ်စီးကို Driver နဲ့ ပြန်လွတ်ပီး သူတို့အားလုံးကတော့ ဒယ်ဒီမောင်းတဲ့ကားကိုပဲ အတူစုစီးပီး ပြန်လာခဲ့ကျတယ်
မန္တလေးရောက်တော့ အန်တီနဲ့ မင်းခန့်တို့ ေမာင်နှစ်မနှစ်ယောက်ကို နူတ်ဆက်ပီး
သူတို့ ရန်ကုန်ကိုပဲ တန်းပြန်လာလိုက်ကျတယ်.

☄☄☄☄☄☄☄☄☄☄☄☄☄

Becky တစ်ယောက် နေမထိထိုင်မသာဖြစ်နေတယ်
အကြောင်းအရင်းကတော့
သူမတို့ မေမြို့ကနေ ရန်ကုန်ကို ပြန်ရောက်ကတည်းက မမရဲ့ အိမ်မှာ မမရဲ့ အဖေနဲ့အမေက မပြန်သေးပဲ အတူတူနေပေးနေတာမို့ပါ ။

လူကြီးတွေရှိနေတော့ Bec တယောက်မှာ
အနေအထိုင်ဆင်ခြင်နေရတာမို့ အရင်လို မမနဲ့ အတူတူ နေခွင့်မရ ညဘက်တွေဆို မမနဲ့ အတူနေခွင့်မရပဲ အိမ်ပြန်အိပ်နေရတယ်
နေ့ခင်းဘက်ကျတော့လည်း မမရဲ့ မာမီက အနီးကပ်ရှိနေတာမို့ သူမတို့ လွတ်လွတ်လပ်လပ် ချစ်ကြည်နူးခွင့်မရ
လူကြီးတွေ ဘယ်လိုပဲ သိထားတယ်ပြောပြော မျက်စိမစူးရအောင် နေရတာမို့
သိပ်တော့အဆင်မပြေလှ ။

MineWhere stories live. Discover now