Part 32

1.7K 85 9
                                    

Becky လည်း မအေးမို့မို့တို့ လင်မယားနဲ့အတူ ရဲစခန်းကို ရောက်လာပီး
စခန်းရောက်တော့ သူမတို့ဖြစ်ကြောင်းအကုန်ကို စခန်းမူးကိုကျော်စွာအား အသေးစိတ်ပြောပြပေးလိုက်တယ်
မေမြို့မှာ ဖြစ်ခဲ့တာရော် သူမတို့ မေမြို့မရောက်ခင် မန္တလေးမှာတုန်းက ဖြစ်ခဲ့တဲ့ ဓာတ်ပုံကိစ္စပါ ပြောပြပီး Becky က အရမ်းငိုနေခဲ့တာမို့ အေးမို့မို့တို့ လင်မယားနှစ်ယောက်ကပဲ သူမလေးကို စိတ်ပြေအောင်နှစ်သိမ့်ပေးနေရတယ်....

ညီမလေးစိတ်ကိုလျှော့ထား အကိုတို့အကောင်းဆုံးဖြစ်အောင် ကူညီပေးမယ်
ညီမလေးက အခုချိန်မှာပြိုလှဲနေလို့မရဘူး
အားတင်းထားပါ ညီမလေးတို့ရဲ့ အမူ့ကို အကိုတို့ အားလုံးပူးပေါင်းပီး ဆောင်ရွက်ပေးမယ် ညီမလေးကလည်း အကိုတို့နဲ့ ပူးပေါင်းပီးသတင်းအချက်အလက်တွေပေးနိုင်အောင် ကြိုးစားပီးအားတင်းထားပေးပါ...
အခု ငါ့ဘညီမ ပြောပုံအရဆိုရင် အကိုတို့ ပြင်ဦးလွင်ရဲစခန်းကိုပါ အကြောင်းကြားပီး တိုင်ချက်ဖွင့်ရတော့မှာ....

ဟုတ်ကဲ့ပါ ဒီက အကိုပဲ အဲ့ဒီ့ကိစ္စကို Bec ကို ကူညီပေးပါ.
အစ်ကိုနဲ့အစ်မရဲ့ ကျေးဇူးကိုလည်း Bec ဘယ်တော့မှမမေ့ပါဘူး..
အစ်ကိုနဲ့အစ်မကို အရမ်းကျေးဇူးတင်ပါတယ် ..

ရပါတယ်ဗျာ ကျေးဇူးတင်စရာမလိုပါဘူး
ကူညီရမှာက ကျွန်တော်တို့ရဲ့တာဝန်ပဲဟာ .....
စခန်းမူးက Becky စီက လိုအပ်တဲ့အချက်အလက်တွေ ယူပီး သူလုပ်စရာရှိတာဆက်လုပ်ပေးနေတာမို့
Becky လည်း မအေးမို့မို့စီက ဖုန်းခန အကူညီတောင်းပီး မာမီ့စီ ဖုန်းခေါ်လိုက်တယ်

📲📲📲📲
ဖုန်းဝင်ပီးခနကြာတော့ မာမီဖုန်းကိုင်တယ်

ဟယ်လို..မာမီလား သမီး Becky ပါဆိုတော့

မာမီက အံသြနေတယ်

Mom...သမီးဘယ်ကဖုန်းနဲ့ဆက်နေတာလည်း သမီးဖုန်းကဘာဖြစ်လို့လည်း..

Bec..မာမီ့အသံကြားတာနဲ့ Bec ဝမ်းနည်းလာပီးငိုချလိုက်တာမို့ တစ်ဖက်မှာ မာမီကပြာယာတွေခပ်နေတယ်.

Mom....သမီးငယ် ဘာဖြစ်လို့လည်း မာမီ့ကိုပြော မငိုနဲ့သမီးလေး
မာမီရင်တွေပူနေပီ ခလေးရဲ့ ဘာဖြစ်လို့ ငိုနေရတာလည်း...

MineWhere stories live. Discover now