Part 20

2.3K 88 9
                                    

Freen ဆေးခန်းအပေါက်က ခုံလေးမှာထိုင်နေခဲ့တာ
အချိန်အားဖြင့်ဆိုရင် ၃ နာရီလောက်တောင်ရှိနေခဲ့ပီမို့
တစ်ကိုယ်လုံးလည်း ညောင်းကိုက်နေခဲ့ပီ လူလည်း ငိုရလွန်းလို့ အရမ်းပင်ပန်းနေခဲ့ပီ
ဒါပေမယ့် သူ့ကလေးကို မြင်နေရတာလေးတစ်ခုနဲ့ တင်
ပင်ပန်းတာတွေကိုလည်း သူမမူ့တော့
ပေကပ်ပီးပဲဆက်ထိုင်နေခဲ့တယ်
Babe လည်း ဆေးအရှိန်တွေနဲ့ ကောင်းကောင်းအိပ်ပျော်နေတာမို့
သူအခန်းထဲ ပြန်ဝင်လာပီး
Babe အိပ်နေတဲ့ကုတင်ဘေးမှာဝင်ထိုင်ပီး
သူမလက်ကလေးကို သာသာလေးဆုတ်ကိုင်ပီး
လက်ဖမိုးလေးကို အနမ်းဖွဖွလေးပေးမိတယ်
နောက် သူမနိုးသွားမှာဆိုးလို့
တိတ်တိတ်လေးပဲ ငေးကြည့်နေခဲ့တယ်

Bec အိပ်ပျော်နေရာကနေနိုးလာတော့
သူမလက်ကို တစ်ရောက်ရောက်ဆုပ်ကိုင်ထားသလိုထင်တာမို့
အသာလေးစောင်းငှဲ့ ကြည့်တော့
သူမလက်ကိုဆုပ်ကိုင်ထားပီး သူမကုတင်ပေါ်မှာ မှောက်အိပ်နေတဲ့မမ ကိုတွေ့လိုက်ရတယ်
သူမလက်ကိုရုန်းပီးထထိုင်ပစ်လိုက်ဖို့ တွေးမိပေမယ့်
ငိုထားတဲ့မျက်ရည်စလေးတွေတောင်မခြောက်သေးပဲ မျက်တွင်းတွေလည်းညိုနေပီးအရမ်းပင်ပန်းနေတဲ့ပုံပေါက်နေတဲ့ မမမျက်နာကြောင့်
သူမ လက်ကိုမရုန်းရက်တော့ပဲ
အသာလေးပဲ ငြိမ်ပီး မမမျက်နာလေးကိုပဲ ငေးကြည့်နေလိုက်တယ်
မမရယ် အဲ့ဒီ့လူနဲ့ မမဖက်နေတဲ့ပုံတွေက
Babe မျက်လုံးထဲကလုံးဝမထွက်နိုင်ဘူး ဖြစ်နေတယ်
Babe မမကို အရမ်းယုံကြည်ပါတယ် ဒါပေမယ့် အဲ့ဒီဓာတ်ပုံတွေက ဘယ်လိုမှ မျက်လုံးထဲကဖျောက်မရလောက်အောင် ဖြစ်နေပီး
အမှန်တရားကပျောက်ဆုံးနေတယ်
Babe မမကိုလည်း မစွန့်လွတ်နိုင်ဘူး
မမ မရှိပဲလည်း Babe မနေနိုင်ဘူးလေ
Babe ဘာလုပ်ရမလည်း 😭😭

သူမရင်ထဲကနေစကားတွေအများကြီးပြောနေမိတယ်
သူမမျက်လုံးမှာလည်း မျက်ရည်တွေ ပြည့်လားပီး ငိုချမိနေတာမို့ မမ နိုးလာရင်မမြင်အောင် တစ်ဖက်ကို အမြန့်လှည့်လိုက်တော့
သူမလက်ကို ကိုင်ပီးအိပ်ပျော်နေတဲ့ မမ နိုးသွားပုံရတယ်

Babe က အိပ်နေရာကနေ လူပ်ရှားလိုက်တော့
Freen အိပ်နေရာကနေနိုးသွားပီးလန့်သွားတယ်
Babe များနိုးသွားတာလားဆိုပီး
သူ အရမ်းပင်ပန်းပီးခလေးဘေးမှာ အိပ်ပျော်သွားမိတာပဲ
တော်သေးတယ် ခလေးမနိုးလို့ လို့တွေးပီး
Babe ကိုပေါ်က လွတ်သွားတဲ့ဆောင်လေးကို အသာပြန်ဆွဲခြုံပေးပီး သူ ထမယ်လုပ်တော့
အခန်းတံခါးဖွင့်ပီး Bec မေမေနဲ့အတူ အနောက်မှာ ကောင်လေးတစ်ယောက်ပါ အတူဝင်လာတယ်

MineWhere stories live. Discover now