Part 21

2.4K 85 24
                                    

Freen စားသောက်နေတဲ့ချိန်မှာ
Becky က သူ့ဒယ်ဒီနဲ့ VC ပြောနေတာမို့
Freen လည်း မုန့်စားရင်း ဖုန်းခနဖွင့်ပီး
သုံးနေရင်းနဲ့ P Namm အကောင့်က online ပြနေတာမို့
အခြေနေဘာထူးလည်း ဘာညာမေးတော့
P Namm က သူကြိုးစားပေးနေလို့ ခနစောင့်ပေးပြောတယ်
နောက် သူနဲ့ Babe ရဲ့အခြေနေရော် ဘယ်လိုရှိလည်းမေးတယ်
Freen က အခြေနေကို ပြောပြတော့
P Namm က သူ့ကို ခနေတာ့ အားတင်းထားဖို့ရော်
Babe ဘာပြောပြော အရမ်းတွေမခံစားဖို့ အားပေးစကားပြောတယ်

ဘေးကနေ အားပေးတဲ့သူချော့တဲ့သူရှိရင် ပိုဝမ်းနည်းတတ်တာလည်း လူ့သဘာဝလားမသိဘူး
P Namm က အားပေးစကားပြောနေမှ သူက ပိုဝမ်းနည်းပီး
ငိုချင်လာမိတယ်
သူ မျက်ရည်တွေ ဝဲတတ်လာတာမို့ အသာလက်နဲ့သုတ်ပီး
သူမ စီကအသံတိတ်နေတာမို့
တစ်ချက်လှည့်ကြည့်တော့ သူမ VC ပြောလို့ ပီးသွားတယ်ထင်တယ် ဖုန်းပဲကြည့်နေတယ်
Freen လည်း သူငိုနေရင် Babe မြင်နေမှာဆိုးလို့
ကော်ဖီခွက် ဆေးသလိုနဲ့ Toilet ထဲက ဘေစဉ်နား လာရပ္ပီး ငိုနေလိုက်တယ်

Becky ဒယ်ဒီနဲ့ VC ပြောပီး
မမ ဖုန်းမှာ တတောက်တောက်နဲ့ စာရိုက်နေတာမို့
အသာခိုးကြည့်နေခဲ့တာပါ
ခနေနေတာ့ မမမျက်ရည်သုပ်နေတာတွေ့တာမို့
မမဘယ်သူနဲ့ ဘာတွေပြောပြီး ငိုနေခဲ့တာလည်း
သူမအရမ်းသိချင်နေခဲ့တယ် မေးလည်းမမေးချင်တာမို့
မသိချင်ယောင်ပဲဆောင်နေလိုက်တယ်
အခုလည်း ခွက်ဆေးဖို့ဝင်သွားရင်း ငိုနေပြန်ပီထင်တယ်
Becky မှာလည်း သူ့မမငိုနေတာမြင်ရတော့
သူမှားသွားပီလားဆိုပီးလည်း စိတ်မကောင်းဖြစ်ရတယ်

ဒီ Photo တွေ ဘာကြောင့် ဖြစ်လာလည်းတောင်မသိတဲ့
မမကိုလည်း စိတ်တိုတယ်
ဒီ Photo ပို့တဲ့သူကိုတော့
Bec စဉ်းစားလို့ရသလောက်က
Bec နဲ့ မမ ကိစ္စကိုသိတာက လူနည်းစုပဲ ရွိတာ
မမသူငယ်ချင်းတွေရယ် မိုးပန်းချီဆိုတဲ့သူရယ်
မမသူငယ်ချင်းတွေကို Bec ယုံကြည်တယ် သူတို့တွေက မမကိုသိပ်ချစ်ကျတယ်ဆိုတာ
မမနဲ့ ပြသနာဖြစ်ဖူးတာကလည်း မိုးပန်းချီဆိုတဲ့သူမို့
သူလို့ပဲ ထင်မိတယ် Bec ကတော့

အခုကိစ္စက ပို့တဲ့သူကတော့ Bec နဲ့ မမကို ပြတ်စေချင်တဲ့သူဆိုတာ ရှင်းပါတယ်
မမကို ဒီအနေအထားနဲ့တွေ့လို့ ရိုက်ပို့တယ်ဆိုကတည်းက
မမကအဲ့လူနဲ့ ဘာလည်း
ဒီမေးခွန်းမှာပဲ တဝဲလည်လည် ဖြစ်နေတဲ့ ကိုယ့်ဟာကိုလည်း စိတ်ညစ်မိတယ်

MineWhere stories live. Discover now