"ဒီနေ့က သမီးလေးရဲ့ ရက်၁၀၀ ပြည့်မွေးနေ့လေးလုပ်ပေးပီး လာသမျှဧည့်သည်တွေကလည်းသမီးလေးကချစ်စရာကောင်းတော့
ဟိုလူကယူချီ ဒီလူကယူချီနဲ့ သမီးလေးလည်း တော်တော်လေးမောသွားပီး စောစောစီးစီး အိပ်ပျော်သွားတယ် ....."Becky တယောက် မနေ့ညတည်းက ကောင်းကောင်းမအိပ်ရ စိတ်တွေလည်းတိုနေပီ ဟိုလူယုတ်မာရီးအခုထိအခန်းထဲဝင်မလာသေးလို့ ဝင်လာတာနဲ့ သူမနဲ့တွေ့ပီ....
Freen သူ့အခန်းထဲဝင်လာတော့
Tissue ဘူးကြီးသူ့မျက်နာနားဝဲလာတာမို့ အမြန်ရှောင်လိုက်ရတယ် ခနနေတော့ ခေါင်းဘီးတွေရော် သူမနားရှိရှိသမျ ပစ္စည်းတွေနဲ့ ပစ်ပေါက်နေတာမို့ အခန်းတံခါးကို စေ့ထားပီး အပြင်ကနေချော့နေရတယ် ။Babe မပစ်ပေါက်နဲ့တော့နော် စိတ်ရှော့ပါ ကလေးလေးရယ် မမတောင်းပန်ပါတယ် ။
Babe သူ့ကိုစိတ်ဆိုးနေရတဲ့အကြောင်းရင်းကတော့ ကလေးအရမ်းလိုချင်တဲ့ Freen တယောက် Becky ကို ဂျီကျပီး ကလေးမွေးခိုင်းခဲ့ပီး အခု ကလေးလည်းမွေးပီးရော်
ညဘက်ကလေးထငိုတိုင်း Freen က နားပိတ်ပီးအိပ်လို့
Becky ကပဲ ထထချော့သိပ်နေရလို့ ပေါက်ကွဲပီး တွေ့ရာနဲ့ကောက်ထုနေခြင်းပါပဲ 🤣မိန်းမရယ် တောင်းပန်ပါတယ်နောက်ရက်ကစ မမပဲထချော့ပါမယ်နော် စိတ်ရှော့...စိတ်ရှော့...ဟဲဟဲ.😁😁
လူယုတ်မာရီး မျက်နာလာပြောင်မနေနဲ့နော်
Freen မှာဒေါသတွေထွက်နေတဲ့ သူ့ရဲ့ပေါက်စလေးနားကို အသာကပ်သွားပီး ခါးလေးကနေဆွဲဖတ်ထားပီး နဖူးလေးနမ်းလိုက် ပါးလေးနမ်းလိုက်နဲ့အပီအပြင်ချော့နေရတယ်......."
မိန်းမ......
ဟာ.... ဘယ်လိုဖြစ်နေတာလည်း အဲ့လိုမခေါ်နဲ့ဆို
ဟင်...မိန်းမမို့လို့မိန်းမခေါ်တာလေ နောက်ဘယ်လိုခေါ်ရမလည်း
မသိဘူးကွာ ဘယ်လိုခေါ်ခေါ်အဲ့ မိန်းမ လိုတော့လာမခေါ်နဲ့
ဟာကွာ Babe ကလည်း မမကအဲ့လိုခေါ်ရတာကိုအရမ်းသဘောကျတာ
Becky တယောက် အရမ်းကဲနေတဲ့ သူ့မမကိုပြောမရတော့ ဗိုက်ကျောကိုဆွဲလိမ်တော့မှပဲ
မိန်းမခေါ်တာရပ်တော့တယ် ။
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...