part 18

2K 72 10
                                    

Freen မနက်စောစောနိုးလာပီး
အလုပ်သွားဖို့ပြင်ဆင်လိုက်တယ် နာရီတစ်ချက်ကြည့်မိတော့ စောသေးတာနဲ့
ညကလည်း Babe က သူ့မာမီနဲ့ အိပ်လို့ သူနဲ့စကားမပြောလိုက်ရပဲ အိပ်ရတာ
သူ Babe မျက်နာလေးမြင်ရပီးမှပဲ အလုပ်သွားချင်တာမို့
Babe တို့အိမ်ဘက်ကို ကူးခဲ့လိုက်တယ်
အိမ်ထဲရောက်တော့ အန်တီက Breakfast တောင်စားနေပီ

Morning အန်တီ
Morning သမီးလေး Freen
လာသမီးထိုင်
အန်တီဖျားနေတာဆို သက်သာလား
သက်သာတယ်သမီး ခရီးနဲနဲပန်းသွားလို့ပါ
မအေးရေ သမီးလေး Freen အတွက်
အုန့်းနို့ခေါက်ဆွဲ တစ်ပွဲပြင်ပေးပါအုန်း
Freen စားပွဲမှာ ဝင်ထိုင်ရင်းနဲ့
အန်တီ Bec မနိုးသေးဘူးလား
သမီးညီမက ဘယ်တုန်းကများ စောစောထဘူးလို့လည်း
အဲ့ကလေးက အိပ်ပုပ်ကလေး

Freen သမီးညီမကို သမီးပဲ နိုးလိုက်တော့
အန်တီအလုပ်သွားတော့မယ်
သူမထခင်သွားမှသမီးရေ
မနေ့ကအန်တီကဖျားထားတော့
ဒီနေ့အလုပ်မသွားရဘူးလုပ်နေမှာတော်ကြာ
အန်တီ့အပြောကြောင့် Freen ရီနေမိတယ်
Freen လည်းစားတာကိုလက်စသတ်လိုက်ပီး
အပေါ်တတ်လာခဲ့တယ်
အန်တီ့အခန်းဘက်ပဲတန်းဝင်လာခဲ့လိုက်တယ်
အခန်းထဲဝင်လိုက်တာနဲ့ အေးစိမ့်နေတဲ့ AirCon ရဲ့အအေးဓာတ်နဲ့ စောင်ခြုံထဲမှာ
ပုစွန်လုံးလေးလို ကွေးပီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူ့ချစ်သူလေးကိုကြည့်ပီး စချင်လာတာမို့
စောင်ကို ဆွဲဖယ်လိုက်တယ်
AirCon အေးအေးမှာ စောင်ခြုံပီးအိပ်ရတာ အရမ်းကြိုက်တဲ့ သူမက စောင်လွတ်သွားတာနဲ့
အိပ်ချင်မူးတူးနဲ့ စောင်ကိုပြန်ဆွဲဖို့ လိုက်စမ်းနေတယ်
Freen စောင်ကိုပိုက်ပီး အသံတိတ်ကြိတ်ရီနေတယ်
Freen သူ့လက်ထဲကဖုန်းနဲ့ သူမ အိပ်ပုပ်နေတာကို
Vedio ရိုက်ထားတယ်
Babe ကတော့ စောင်ကို မျက်စိ လုံးဝမဖွင့်ပဲ ခြေထောက်နဲ့ လိုက်စမ်းပီး မျက်စိကတော့ လုံးဝမဖွင့်နိုင်သေး စောင်ရှာမရတော့ ကုတင်ထောင့်ထိကပ်ပီး အိပ်ယာခင်းစကြီးကို ဆွဲခြုံပီးဆက်အိပ်နေတဲ့
အိပ်ပုပ်ကို သနားသွားတာမို့
အိပ်ယာခင်းစလေး ပြန်ဖယ်ပေးပီး သူ့လက်ထဲကစောင်လေးပြန်ခြုံပေးတော့
မျက်လုံးကို အားယူပီးဖွင့်ကြည့်လာတယ်

MineWhere stories live. Discover now