Becky တယောက် ဟိုနေ့က Coffee ဆိုင်မှာ ဟန်နီတို့ပြောပြတဲ့
ပြင်ဦးလွင်မြို့လေးအကြောင်း သိလာပီးကတည်းက ပြင်ဦးလွင်ကို အရမ်းသွားလည်ချင်နေခဲ့တာညဘက်ရောက်တော့ Freen ထမင်းစားနေတုန်း
သူ့ မန်နေဂျာစီက ဖုန်းဝင်လာတာမို့
သူ ထမင်းစားတာကိုအမြန်လက်စသတ်လိုက်ပီး
Babe အေးဆေးစားနှင့်နော် မမ အပေါ်တတ်တော့မယ် ဖုန်းပြောချင်လို့
ဟုတ်မမFreen သူ့မန်နေဂျာနဲ့စကားပြောပီး နာရီဝက်လောက်နေမှ Babe အပေါ်တတ်လာတယ်
Babe အခန်းထဲရောက်လာကတည်းက
သူ့မျက်နာကို တကြည့်ကြည့်လုပ်နေတာမို့
Babe...တခုခုပြောစရာရှိလို့လား?
Freen မေးလိုက်တော့
သူမက မျက်နာချိုသွေးသလိုလေး ရီပြနေပီး
ကုတင်စွန်းမှာ ထိုင်နေတဲ့ Freen ပေါင်ပေါ်လေးကိုခွထိုင်လိုက်ပီး ပြုတ်မကျအောင်လည်း
freen လည်ပင်းကို သိုင်းဖတ်ထားလိုက်တယ်
Freen ကတော့ Babe ငချွဲလေးလုပ်နေပီဆိုကတည်းက
တခုခုတောင်းဆိုတော့မယ်ဆိုတာ သိနေပီ
မမ..Babe တို့ ရန်ကုန်မပြန်ခင်
ပြင်ဦးလွင်ကို ၂ ရက် ၃ ရက်လောက် သွားလည်ရအောင်လေ ..နော်
မမက နောက်အပတ်ကို ရှယ်ယာရှင်အစည်းအဝေးရှိလို့ ပြန်ရအောင်တောင် ပြောမလို့ကို
ချက်ချင်းမျက်နာလေး ငိုမဲ့မဲ့လေး ဖြစ်သွားတဲ့ သူမကြောင့်
Freen ကစချင်သွားတာမို့
Babe သွားချင်ရင် သွားလေ မမပဲ ပြန်လိုက်မယ် အဲ့ဒါဆို မနက်ဖြန်ပြန်ဖို့ မမလက်မှတ်ဖြတ်လိုက်တော့မယ်နော်
Freen သူမမျက်နာလေးကိုအသာခိုးကြည့်တော့
Babe က သူ့လည်ပင်းကို သိုင်းဖတ်ထားတဲ့လက်ကိုဖြုတ်ပီး
Freen မျက်နာကိုမယုံနိုင်သလိုကြည့်နေခဲ့ပီး
ခနနေတော့မျက်ရည်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတာမို့
Freen မှာ သူပဲစမိပီး သူပဲပြာယာခပ်ရတော့တယ်
Aah...Babe ရယ် မမကစတာပါကွာ
ကြည့်ပါအုန်း ချက်ချင်းကို မျက်ရည်တွေက ဘူးသီးလုံးလောက်ကျလာတယ်
သူက Babe ရဲ့ခါးလေးကို သိုင်းဖတ်ထားခဲ့ပီး
မျက်ရည်တွေကို သူ့အနမ်းတွေနဲ့ ခြောက်သွေ့အောင်လုပ်ပေးနေခဲ့တယ်
Babe ကတော့ စိတ်တွေတိုပီး သူ့မမရင်ဘတ်ကို လက်သီးနဲ့ထုတော့
ရားးးBabe နာတယ်လေ ကိုယ့်ချစ်သူကို
အဲ့လိုပဲ နိပ်စက်ရလား
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...