ဘာလိုလိုနဲ့ Freen Mandalay ရောက်နေတာ
တစ်ပတ်တောင်ရှိနေခဲ့ပီ
Freen တစ်ခါမှအလုပ်ကိုပစ်ထားပီး
ခုလိုခရီးရက်ရှည်မထွက်ခဲ့ဖူးဘူး
အလုပ်ကိစ္စကြောင့်သာခရီးတွေထွက်ရတာ ပိုများတယ်
အခုတော့
သူ့အလုပ်တွေကို မန်နေဂျာနဲ့သာ လွဲထားရတယ်
တော်သေးတယ် ဒီရက်ပိုင်း
အရေးတကြီးလက်မှတ်ထိုးစရာတွေ ဘာတွေ ဘာမှ မရှိသေးလို့ .....🍂🍂🍂ဒီနေ့ Babe ရဲ့ မာမီက အလုပ်ကိစ္စ နဲ့ ခရီးထွက်ရတော့မှာမို့
ရန်ကုန်ကို ပြန်သွားခဲ့ပါပီ
Freen နဲ့ Babe ကသာ ဟန်နီလေးကိုသနားပီး
မပြန်ဖြစ်ကျသေးတာ
ဟန်နီလေးက သူတို့နဲ့ စကားတွေပြောနေရင် ပျော်နေပီး အိမ်မှာ ဧည့်သည်ရှိတော့ လူစည်ပီး စိတ်ချမ်းသာတယ်တဲ့
သူတို့သာပြန်သွားရင် ဒီကလေးမလေးတော်တော်
နေရခက်သွားမှာကိုတွေးမိပီး မပြန်နိုင်သေးဘူးဖြစ်နေတယ်ဒီနေ့လည်း ဟန်နီလေး ကိုခေါ်ပီး သူတို့တွေ ကားပတ်စီးပေးပီး စိတ်ပျော်အောင် လုပ်ပေးနေကျတယ်
မင်းခန့်ကိုက ကားမောင်းနေရင်းနဲ့
Mk.ကဲ မမတို့ ဗိုက်ဆာနေကျပီလား အချိန်ကလည်း Tea Time ဆိုတော့
ကျွန်နော်နီးစပ်ရာ ကော်ဖီဆိုင်တစ်ဆိုင်ဝင်လိုက်မယ်နော်
B. ကောင်းသားပဲ Babe လည်းကော်ဖီသောက်ချင်နေတယ်
မမရော် ဗိုက်ဆာနေပီလား ဒီနေ့ မမထမင်းလည်းကောင်းကောင်းစားမထားဘူး မမ နေမကောင်းလို့လား
F.မမနေကောင်းပါတယ် ဒီမှာရာသီဥတုပူတာက ရန်ကုန်ပူတာထက်ပိုဆိုးသလားလို့ ရာသီဥတုပူတော့ ထမင်းကိုမစားချင်ဘူးဖြစ်နေတာ မမက
Honey.ဟုတ်တယ်မမ မန်းလေးက ဒီရက်ပိုင်းအရမ်းပူနေတယ် အပူလိုင်းများဖြတ်နေလို့လားမသိဘူး ခါတိုင်းဒီလိုအချိန်ဆို Mandalay က နေလို့အရမ်းကောင်းနေပီ
F.ဟုတ်တယ် အရင်တစ်နှစ်က မမ Mandalay ဆောင်းတွင်းကို အလုပ်ကိစ္စနဲ့ တစ်ကြိမ်ရောက်ဖြစ်တယ် မနက်အိပ်ယာထရင်ဆောင်ခြုံထဲကွေးနေရတယ်အေးလွန်းလို့
လမ်းတွေပေါ်မှာလည်းမြူတွေကိုပိတ်လို့
Mandalay ဆောင်းက သိပ်ကိုသာယာတာပဲ မမကတော့ အဲ့လိုအေးတာကိုသဘောကျတယ်
B.bec ကတော့မမတို့ပြောနေတာတစ်ခုမှ မကြုံဘူးသေးတော့ မသိဘူး 😁😁
F.Babe တို့ စီမှာတော့ အေးပီဆို ရေပါခဲတာဆိုတော့ ဒီမှာအေးတယ်ဆိုတာလောက်ကတော့ စာကိုမဖွဲ့လောက်တော့ဘူးထင်တယ်
MK..ကဲ မမတို့နောက်မှ စာဖွဲ့ကျတော့ ကော်ဖီဆိုက်ရောက်ပီ .
မင်းခန့်က သူမတို့ကိုအရင်ဆိုင်ရှေ့မှာကားရပ်ပေးပီးဆင်းခိုင်းပီးမှ
မမတို့ဝင်ထိုင်နှင့် မင်းခန့်ကားပါကင်ရှာလိုက်အူးမရ်
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...