Bec မမလာတာက အိမ်ကရေပိုက်က ရေမလာလို့
ဒီနားတစ်ဝိုက်မှာ ရေပိုက်ပြင်တဲ့သူ
ဘယ်မှာခေါ်ရမလည်း အဲ့တာ လာမေးတာommmm...Bec တော့ မသိဘူး ဒါပေမယ့် ဒေါ်လေးကို မေးရင်ရမယ်
လာခဲ့အောက်သွားမယ် အောက်မှာ ဒေါ်လေးကိုသွားမေးမယ်
မမလက်ကို ဆွဲပီးအောက်ဆင်းမလို့ မအေးက
ဖျော်ရည်လာပို့တာမို့ မအေးလက်ထဲက ဖျော်ရည်ခွက်ကို သူမယူထားပီး မအေးကို အခန်းပြန်ရှင်းထားပေးဖို့ ပြောပီး အောက်ဆင်းလာခဲ့တယ်
အောက်ရောက်မှ မမလက်ထဲအအေးခွက်ပေးပီး ဒေါ်လေးကို သူမသွားမေးတော့
ဒေါ်လေးမြက
သမီးရေ ကြိုးဖုန်းတင်ထားတဲ့ စားပွဲပေါ်မှာ
စာအုပ်ရှိတယ် အဲ့စာအုပ်ထဲက သမီးလိုတဲ့ နံပါတ်ယူသွား
ဟုတ်ဒေါ်လေးဆိုပီး
ဧည့်ခန်းထဲ ပြန်ပြေးဝင်လာတော့
မမက မပြေးနဲ့ Bec ခြေခေါက်ပီး လှဲလိမ့်မယ်လေ
ဟုတ်😝
စာအုပ်ထဲက နံပါတ်နဲ့ ဖုန်းတခါထဲဆက်ပေးလိုက်တယ်
တစ်ဖက်က ခုလာခဲ့မယ်ဆိုပီး ဖုန်းချသွားတယ်
မမ ခနစောင့်လိုက် ခုလာခဲ့မယ်တဲ့
Freen....Okay.
Bec ထမင်းမစားရသေးဘူးမလား သွားစားတော့လေ မမ လည်း ပြန်တော့မယ်
အဲ့လူလာရင် မမအိမ်ဘက် လွတ်ပေးလိုက်နော် ချာတိတ်
ဆိုပီး ပြန်ဖို့ ထတော့
မမ မပြန်နဲ့အူး Bec ထမင်းစားခဲ့မယ် ခနစောင့်ပေးပိုက်ပြင်တဲ့သူလာရင် မမတစ်ယောက်ထဲ မဖြစ်ဘူး
Bec လည်း လိုက်ခဲ့ပေးမယ်
omm အာ့ဆိုစား
ဖြည်းဖြည်းစားရတယ် မမစောင့်နေမယ်
ဟုတ်
Freen လည်း သူမတို့ဖုန်းစာအုပ်ထဲက အိမ်အတွက်လိုအပ်တဲ့ နံပါတ်တွေ ကူးယူရင်း ထိုင်စောင့်နေတော့
ဒေါ်လေးက ထမင်းစားဖို့ လာခေါ်တယ်
သူမ ရင်ပြည့်နေလို့ စားလို့မရကြောင်း ပြောပီး ခနလေးနေတော့ Bec က ပြန်ထွက်လာတယ်
Bec ပီးတာလား မြန်လိုက်တာ
သူမအပြောကြောင့် ဒေါ်လေးက ဝင်ဖြေတယ်
အဲ့တာပဲ ဒေါ်လေးလည်း စိတ်ညစ်နေတာသမီးရေ
သမီးညီမက ဟိုနိုင်ငံမှာ အနေကြာလာတော့ ဒီကအစားအသောက်တွေနဲ့ သူအသားမကျသေးတာလား မသိပါဘူး
ဘာမှကောင်းကောင်းမစားဘူး စားရင်လည်း နည်းနည်းလေးပဲစားတယ် သူတစ်ချိန်လုံး ကော်ဖီတွေပဲသောက်နေတယ်
ကော်ဖီက တစ်နေ့ ၄/၅ ခွက်လောက်သောက်တယ်
ချာတိတ်ကော်ဖီတွေ အဲ့လောက်မသောက်ရဘူးလေ ရင်တုန်မှာပေါ့
omm Bec ရှော့သောက်ပါ့မယ်
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...