Bec မနက်စောစောအိပ်ယာကနိုးလာပီး
ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူမချစ်သူလေး မျက်နာကို တစိမ့်စိမ့်ကြည့်ပီး
ချစ်မဝတွေ ဖြစ်နေမိတယ်
သူမ ဘဝမှာ မိန်းခလေးတစ်ယောက်ကို သဲသဲလူပ်ချစ်မိသွားလိမ့်မယ်လို့ ထင်ကို မထင်ခဲ့မိတာပါ .."
မမနဖူးလေးကို ဖွဖွလေးနမ်းပီး မှ
မမနိုးသွားမှာဆိုးလို့ ငြိမ်ငြိမ်လေးနေပီး မျက်နာလေးကိုပဲ ငေးနေမိတယ်
Freen သူ့နဖူးမှာ အနမ်းနွေးနွေးလေးရောက်လာကတည်းက နိုးနေခဲ့ပါပီ
သူ အိပ်ပျော်နေတာကို ငေးကြည့်နေတဲ့ Babe ကို
စချင်တာမို့
စောင်ကို ခေါင်းထိဆွဲခြုံပီး အိပ်ချင်ယောင်ဆောင်နေမိတယ်
Bec မှာ ချစ်သူမျက်နာလေးငေးမဝဖြစ်နေမှ စောင်ခေါင်းမှီးခြုံအိပ်သွားသော် မမကြောင့်
ဟာ မမကလည်း သူများငေးမဝဖြစ်နေမှကွာ
Bec မမ ခြုံထားတဲ့ စောင်ကို အသာလေးဆွဲဖယ်ကြည့်တယ်မရ
နိုးသွားမှာလည်းဆိုးတာမို့ အတင်းမဆွဲရဲ
သာသာလေးဆွဲတော့လည်းမရနဲ့ သူမတစ်ယောက်ထဲ တိုင်ပတ်နေတာကို Freen က တအားရီချင်လာတာမို့
ခိုးရီလိုက်တာ
လူမိသွားတယ် 🤣🤣
Bec မှာ မမရီနေတယ်လို့ထင်ပီး စောင်ကိုအတင်းဆွဲဖယ်လိုက်တော့
ရားးးးမမ အကျင့်ပုပ်အိပ်ချင်ယောင်ဆောင်ပီး
Babe ကိုအနိုင်ကျင့်နေတယ်
ဟားဟား အနိုင်ကျင့်နေတာမဟုတ်ပါဘူး
ကောင်မလေးတယောက်က အရမ်းတွေ ငမ်းနေတော့
ရှက်လာလို့ပါ 😛😛
ဟွန့် ငမ်းတယ်တဲ့ 😏😏
ချစ်လို့ ငေးမဝဖြစ်နေတာပါနော်
တကယ်ဆို မမ Babe ကိုကျေးဇူးတောင်တင်ရမှာ
မမလို ရုပ်ဆိုးလေးကို ချစ်မဝငေးမဝ ငမ်းမဝဖြစ်နေတဲ့ ရည်းစားလေးတယောက်ရှိတာကို 🤣🤣🤣
ရားးးးးBabe မမက ရုပ်ဆိုးတယ်ပေါ့ ဟုတ်လား
omm ဟုတ်တယ်လေ
ရုပ်ကလည်းဆိုးတယ် Body ဆိုလည်း ကြည့်လိုက် ပိန်ကပ်နေတာပဲ ဝါးချမ်းပြားလေးကျနေတာပဲ🤣🤣
အခုခေတ် အကိတ်တွေများတဲ့ခေတ်မှာ
Babe က ဒီဝါးချမ်းပြားလေးကိုမှ ချစ်နေမိတာ လေ 😁
babe မမ စိတ်ဆိုးနေတာသိပေမယ့် တွယ်ပီးစနေမိတယ်
မမက Babe ကိုကျောပေးပီးတစ်ဖက်လှည့်အိပ်နေတယ်
မမ
Babe ခေါ်နေတာ မထူး
ကောက်တေးလေး ချစ်လို့စတာလေ
Babe မမကိုအနောက်ကနေခါးလေးသွားဖတ်တော့ သူမဖတ်ထားတဲ့လက်ကို ဖယ်ပီး
အိပ်ယာပေါ်ကနေဆင်းပီး
ရေချိုးခန်းထဲဝင်သွားတယ်
တစ်ချက်မှလည့်တောင်ကြည့်မသွား
သွားပါပီ သူမစလိုက်တာ တော်တော်လွန်သွားပီ
( becky ရေ ချော့ပေတော့ပဲဟေ့ )😖
Freen ရေချိုးနေတုန်းမှာ
Bec ရဲ့ဖုန်းက မြည်လာတာမို့ Bec ကိုင်လိုက်တော့ မာမီဆက်နေတာ
အိမ်မှာ ဒေါ်လေးမြတို့ရော် မာမီရော် ပြန်ရောက်နေပီဆိုပီး ဖုန်းဆက်လာတာမို့
Bec အိမ်ဘက်ခနထွက်လာခဲ့တယ်
အိမ်ထဲဝင်လိုက်တော့ ဒေါ်လေးနဲ့မအေးကို နုတ်ဆက်ပီး
သူမအပေါ်တတ်လာခဲ့တော့ မာမီကအခန်းထဲက ကုတင်မှာ လှဲနေတယ်
မာမီနေမကောင်းဘူးလား
ဟုတ်တယ် သမီးရေ မာမီ နဲနဲခရီးပန်းလာပီး အဖျားတွေတတ်လာလို့
အာ့ဆိုဆေးခန်းသွားရအောင်လေ မာမီ
မသွားတော့ဘူး မာမီ့သူငယ်ချင်းဆရာဝန်ခနနေရင်လာမှာ
သူလာမှပဲ မာမီဆေးထိုးတော့မယ်
Okay မာမီ အာ့ဆို တခုခုစားအုန်းမလား
Bec ဘာလုပ်ပေးရမလည်း
မစားတော့ဘူး Baby
Baby မာမီ့ကို တခုပဲ ကူညီပေး ဒီနေ့ မာမီ့ မိတ်ဆွေရဲ့ သမီးနဲ့သား Japan ကနေ လာမှာ
အဲ့တာ Baby လေးလေယာဥ်ကွင်းမှာ သွားကြိုပေး
မာမီဓာတ်ပုံပို့ပေးထားမယ် မာ့မီးကားနဲ့ ဒရိုင်ဘာခေါ်သွားလိုက်
ဟုတ်မာမီ Bec သွားလိုက်မယ်
Okay baby လေးအာ့ဆို ပြင်ဆင်တော့ အချိန်ကသိပ်မရှိတော့ဘူး လေယာဥ်စိုက်ချိန်နီးနေပီ
ဟုတ်မာမီ.... ”
Bec မာမီ့အခန်းကထွက်လာပီး မမဖုန်းကိုခေါ်နေတာ မမကဖုန်းမကိုင်
မမ စိတ်ကောက်နေလို့တော့ ဖုန်းကိုင်မှာမဟုတ်တာ သတိရသွားပီး
စာပဲပို့ထားလိုက်တယ်
📲📲
မမ မာမီရောက်နေလို့ မာမီခိုင်းတဲ့အလုပ်လေး လုပ်ပေးရမှာမို့ မမနဲ့နောက်မှတွေ့မယ်နော်
စိတ်ကောက်လည်းပြေတော့နော်
အရမ်းချစ်တယ်မမကို ...”
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...