Shopping Mall ကနေပြန်ထွက်လာတော့ ညနေ ၄ နာရီလောက်ရှိနေပီ
Freen သူမကိုဘယ်လိုက်ပို့ရမလည်းစဥ်းစားရင်း ကားမောင်းလာတုန်း
Freen ရဲ့ ဖုန်းကအသံမြည်လာတယ်
သူမ ဖုန်းကိုကြည့်ပီးမျက်နာပျက်နေတယ်
Bec က Freen မျက်နာမကောင်းတာမို့ ဖုန်းကို စိတ်ဝင်စားသွားမိတယ်
မမ ချစ်သူများလားလို့လည်းတွေးမိတယ်
Bec အတွေး လွန်နေတုန်း Freen က Baby လို့ ခေါ်လိုက်တာမို့ လန့်သွားတယ်
omm မမ ပြောလေ ဆိုတော့
Baby တို့ ရှေ့နားမှာ ကားခနရပ်မယ် ဖုန်းပြောချင်လို့ဆိုတော့
Bec က ဟုတ်ဆိုပီး
Freen ကားရပ်တာနဲ့ ကားပေါ်က ဆင်းပေးဖို့ လုပ်တော့
Freen က လက်လှမ်းဆွဲထားပီး မဆင်းနဲ့ Baby ရတယ်
ဒီတိုင်း ဖုန်းပြောရင်း ကားမမောင်းချင်လို့ ကားခနရပ်တာ
ဆက်တိုက်မြည်နေတဲ့ ဖုန်းသံကြောင့်
Freen ဖုန်းကိုင်လိုက်တယ်📱📱📱
Hi MomMom:::::သမီးလေး Freen နေကောင်းလား
ဟုတ် ကောင်းပါတယ် မာမီ
Mom.........သမီး အိမ်အသစ်ပြောင်းမလို့ဆို ဘယ်တော့လောက်ပြောင်းမလည်း
မာမီ့ အမေးကြောင့် Freen ဟက်ကနဲ့ တစ်ချက်ရယ်လိုက်တယ်
Freen အိမ်ပြောင်းလာတာ တလကျော်ပီ မာမီ
Mom....OMG sorry honey
မာမီအဲ့ကိစ္စကို တကယ်သတိမထားလိုက်မိဘူး
ရတယ် မာမီ ကိစ္စမရှိပါဘူး
ဒါက Freen အတွက် First time မှ မဟုတ်တော့တာ
Mom.....မာမီတို့အလုပ်အားတဲ့တစ်နေ့ သမီး
daddy နဲ့ အချိန်ညှိပီး သမီး အိမ်ကို လာကြည့်မယ်
ရတယ်မာမီ မာမီတို့မအားဘူးအချိန်မရဘူးဆိုလည်း မလာလို့လည်းရတယ်
Mom.....Honey ရယ် မာမီတို့ကို စိတ်မဆိုးပါနဲ့ မာမီတို့ စီးပွားရှာနေတယ်ဆိုတာလည်း Honey အတွက်ပဲလေ
ထားပါ အဲ့တာတွေက မာမီအမြဲပြောနေကျစကားတွေပဲ
အခုမာမီ ဖုန်းဆက်တာ ဒီအိမ်ပြောင်းမဲ့ ကိစ္စမေးဖို့ပဲလား
Mom....မာမီကိစ္စရှိလို့ဆက်လိုက်တာ
Honey ရဲ့ Daddy က ဒီရက်ပိုင်းအစားသောက်စားရတာအဆင်မပြေလို့ chef ပြောင်းချင်တာ
အိမ်မှာက လက်ရှိ chef က သမီးငယ်ငယ်ကတည်းက ထိမ်းလာခဲ့တဲ့ Rose လေ
မာမီလည်း သူ့ကို အလုပ်မထုတ်ပစ်ချင်ဘူး Honey လည်း အိမ်အသစ်မှာ chef လိုမှာပဲ အဲ့တော့
Honey ဒီနေ့ပဲ အန်တီRose ကို လာခေါ်ပေး
သူ့အကူတစ်ယောက်ပါမယ် ၂ ယောက်
Freen အစကတော့ ငြင်းမလို့ပေမယ့် အန်တီRose က freen ကိုအရမ်းချစ်သလို Freen လည်းချစ်ရတဲ့ အိမ်တော်ထိမ်းတယောက်မို့
Okay လေ မာမီ အာ့ဆို Freen ဒီနေ့ပဲ လာခေါ်လိုက်မယ်
Mom....okay အဲ့တာဆို မာမီ Rose ကိုဖုန်းဆက်ပီး အဆင်သင့်စောင့်ခိုင်းထားလိုက်မယ်
ဟုတ်
ဒါနဲ့ မာမီ Daddy ရော် နေကောင်းလား
Daddy ကိုလည်းပြောပေးပါ
Freen ဆိုတဲ့ daddy တို့ မွေးထားတဲ့ သမီးတစ်ယောက် ဒီလောကကြီးမှာ ရှိနေသေးတယ်ဆိုတဲ့ အကြောင်း
Mom... Honey ရယ် စိတ်မကောက်ပါနဲ့ မာမီတို့က အလုပ်ကြောင့်သာ မတွေ့ဖြစ်တာပါ မာမီတို့ရဲ့ Honey လေးကို အမြဲ သတိရပါတယ်
Freen လည်း မာမီ့စကားကြောင့်
မဲ့ပြုံးလေးပဲ ပြုံးနေလိုက်တယ် မာမီ ဖုန်းချသွားတော့
သူမ သက်ပျင်းမောကြီး ချပီး ကားနောက်မှီမှာ စိတ်ပျက်လက်ပျက်မှီချလိုက်ပီး ခနမျက်လုံးမှိတ်ထားလိုက်ပီး ဝေ့တတ်လာတဲ့ မျက်ရည်ကို ပြန်ထိန်းလိုက်ပီးမှ
ဘေးမှာ Baby ထိုင်နေတာကို သတိဝင်သွားပီး သူမကို လည့်ကြည့်လိုက်တော့
သူမမျက်လုံးပြူးသွားတယ်
Bec က မမ ဖုန်းပြောနေတာကို အစဆုံးနားထောင်နေရင်း မမ မျက်နာကိုကြည့်ပီး သနားလွန်းလို့ မျက်ရည်ကဘယ်လိုမှ ထိန်းမရပဲ မမ မကြားအောင် အသံတိတ် ငိုနေမိတာ
Baby ဘာဖြစ်လို့ ငိုနေတာလည်း ဆိုတော့
မမ ကို သနားလို့ စိတ်မကောင်းဖြစ်ပီးငိုတာတဲ့
aww Baby ရယ် မငိုပါနဲ့ တိတ် မမက ဘာမှမဖြစ်ဘူး ဒီ Feeling တွေက မမအတွက် ရိုးနေပါပီ ကလေးရယ်
မငိုနဲ့ တိတ်တော့နော် ဆိုပီး သူမ ကိုမျက်ရည်တွေသုပ်ပေးပီး သူမ ပုခုံးလေးကို ပုပ်ပီး ချော့နေမိတယ်
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...