မိုးပန်းချီတို့ အမူ့ကိစ္စကိုတော့ မာမီနဲ့ မင်းခန့်ကိုပဲ လွဲထားခဲ့ပီး သူမကတော့ Freen ရဲ့
အကြောင်းကိုပဲ ခေါင်းထဲထည့်ထားပီး
အချိန်ပြည့် မမအကြောင်းကိုပဲ စုံစမ်းနေခဲ့တယ်.....အခုဆို Bec မေမြို့မှာပဲနေနေတာ ဆယ်ရက်တောင်ရှိနေပီ ရန်ကုန်လည်းမပြန်ဖြစ်ခဲ့
ရန်ကုန်မှာရှိတဲ့ မမရဲ့မိဘတွေကို အကြောင်းကြားပီး မမရဲ့လုပ်ငန်းတွေကိုတော့ မမရဲ့ မာမီက တာဝန်ယူထားပေးပီး မမရဲ့အဖေကတော့ သူ့လူတွေနဲ့ မမအကြောင်းကို လိုက်စုံစမ်းပီး အပူတပြင်းလိုက်ရှာပေးနေကျပါတယ်....
Bec နဲ့ မမရဲ့ အချစ်ရေးအကြောင်းကိုလည်း
နှစ်ဖက်မိဘတွေ အကုန်သိကုန်ကျပီး
အခုထိတော့ မိဘတွေစီက ဘာသံမှမကြားရသေး အားလုံးရဲ့ ရင်ထဲမှာက မမကို ပြန်တွေ့ဖို့ပဲ သောကများနေကျတာမို့ Bec တို့ ကိစ္စကိုတော့ မိဘတွေ ဘာမှမပြောကျသေးဘူး.....☄☄☄☄☄☄☄☄☄☄☄
Becky က အခုမမနဲ့အတူရှိနေတုန်းက တည်းတဲ့ Hotel မှာပဲ ဆက်နေနေတာ
မာမီက ဒီကကိစ္စတွေပီးတော့ တောင်ကြီးက အလုပ်ကိစ္စ မပီးပြတ်သေးတာမို့ တောင်ကြီးကို ပြန်သွားခဲ့တယ် Bec တစ်ယောက်ထဲ ထားခဲ့ဖို့ စိတ်မချလို့ မင်းခန့်တို့ မောင်နှမ နှစ်ယောက်က Bec နဲ့ အတူလာနေပေးတယ်...Bec ဒီနေ့ မမကို အရမ်းသတိရနေတာမို့
သူမတည်းတဲ့ အခန်းရှေ့က ပန်းခြံလေးထဲမှာ ထွက်ထိုင်ပီး မမနဲ့အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်တွေးပီး ဝမ်းနည်းလာတာမို့ ပါးပြင်မှာ မျက်ရည်တွေ တသွင်သွင် စီးကျနေတော့တယ်...
သူမ ဝမ်းနည်းပီး ငိုနေတုန်း သူမအနောက်ကနေ တယောက်ယောက်က ပုခုံးကို လာရောက်ကိုင်ပီး နှစ်သိမ့်လိုက်တာမို့ သူမ မမ လို့ထင်ပီး အမြန်လှည့်ကြည့်လိုက်တော့ မမ မဟုတ်ပဲ P Namm ဖြစ်နေတယ်.....
P Namm ကို မြင်လိုက်တာနဲ့ Becky သူမစိတ်ကို ဘယ်လိုမှ ထိန်းမထားနိုင်တော့
မမကို ပိုသတိရသွားပီး အရမ်းတွေ ငိုနေတာမို့ P Namm က သူမ ကို ရင်ခွင်ထဲထည့်ဖတ်ထားပီး သူမနောက်ကျောလေးကို ပွေ့ဖတ်ပီး နှစ်သိမ့်ပေးနေတယ်...P Namm ဘယ်တုန်းက ရောက်တာလည်း
တယောက်ထဲ လိုက်လာတာလား.. ။P Namm အခုပဲ ရောက်တာP Namm တယောက်ထဲမဟုတ်ဘူး ဝတီလည်းပါတယ် ။
P Namm က Becky လေးကိုအရင်တွေ့ပီးနှစ်သိမ့်ပေးချင်လို့ အမြန်လာလိုက်တာ ဝတီက Reception မှာ ကျန်ခဲ့တယ်...
YOU ARE READING
Mine
RomanceBecky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှာပဲ Freen.Babe ရယ်လိုက်ရင်ခွက်ဝင်သွားတဲ့ အဲ့ပါးချိုင့်လေးကို မမကအရမ်းချစ်တာ Freenbecky ကိုအရမ်းချစ်နေလို့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးခြင်းသာ...