Extra. 1

2.7K 104 10
                                    

"မမ တကယ်မလိုက်ဘူးလား...”
Becky လေးက မျက်နာကိုစူပုပ်ထားပီး
အလိုမကျသလိုမေးနေတာမို့....။

Freen ကလည်း Babe မျက်နာစူပုပ်နေတာကို မမြင်ချင်ယောင်ဆောင်ပီး သူမမေးတာကို ဖြေပေးလိုက်တယ် ။

မလိုက်ဘူး မမ Company မှာအလုပ်တွေ အများကြီးရှိတယ် လိုက်လို့မရဘူး ...။

Babe က မမအတွက်ပါ ရထားလက်မှတ်တောင် ဖြတ်ထားပီးပီလေ နောက်ပီး ဒီခရီးက ပထမဆုံးခရီးမို့ မမပဲ လိုက်မယ်ပြောထားတာလေ ။

Babe မရစ်နဲ့ကွာ မမအဲ့တာအရင်ကပြောထားတာလေ အခုက Company ကိစ္စက အရေးပေါ် ဖြစ်လာတော့ မမဘယ်တတ်နိုင်မလည်း ။

သူမနဲ့ Freen နဲ့ စကားအခြေတင်ဖြစ်နေတာက Freen ရဲ့ ရုံးခန်းမှာပါ Becky နဲ့ Iring အလုပ်ခရီးထွက်ဖို့ Iring ကလည်း ရန်ကုန်ပြန်ရောက်လာပီမို့ ပထမဆုံး သွားဖြစ်မဲ့ တောင်ကြီးကလောခရီးစဥ်မှာ Freen လိုက်မယ်ပြောထားပီး အခုမလိုက်ဘူး ဖြစ်သွားလို့
Becky တယောက် ပေါက်ကွဲပီး Company ထိလိုက်လာပီး သူ့မမ လိုက်ဖို့အရေး စကားအခြေအတင်ဖြစ်နေကျတာပါ ။

Iring ကတော့ သူမတို့ နှစ်ယောက်ကြား အူကြောင်ကြောင်လေးနဲ့ နားမလည်ပဲ လိုက်ပဲကြည့်နေမိတယ် ။

Babe က ဒီခရီးမှာ မမကိုပါစေချင်လို့ ခေါ်တာလေ Babe ရစ်နေတာမှမဟုတ်တာ ..
ဘာလည်း မမ Babe ကိုမချစ်တော့လို့ ရစ်နေတယ်လို့မြင်တာလား ..
ရတယ် မမ မလိုက်ချင်လည်း မမ သဘောပဲ
Babe ပြန်တော့မယ်...
Becky မမအရှေ့ကနေလှည့်ထွက်လိုက်တော့
Iring မှာ ထိုင်ရမလို ထပဲလိုက်ရမလို ဖြစ်နေတုန်းမှာ

Freen သူထိုင်နေတဲ့ခုန်ကနေ အမြန်ထပီး
Babe အရှေ့ကနေ ပိတ်ရပ်လိုက်ပီး
စိတ်ဆိုးတာလား ဒါက.... ”
Freen က Babe ရဲ့ ခါးကိုဖတ်လိုက်ပီး
သူ့အနီးကို ဆွဲယူပီးမေးလိုက်တာမို့... ”

Becky သူမကိုဖတ်ထားတဲ့ မမရဲ့ လက်ကို ဆွဲဖြုတ်ပီး မမရဲ့ ပုခုံးကို တိုက်ပီး ရုံးခန်းထဲကနေထွက်လာလိုက်တယ် အနောက်မှာ Iring ပါလာလား မပါလာလားတောင် သူမ မသိတော့ ။

Becky Company ရဲ့အပြင်ရောက်လာမှ လမ်းရှောက်နေတာကိုရပ်လိုက်ပီး အရမ်းဝမ်းနည်းလာတာမို့ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာတယ် အနောက်ကနေလိုက်လာတဲ့ Iring က သူမပုခုံးလေးကိုပုတ်ပီး နှစ်သိမ့်ပေးနေတယ် ။

MineWhere stories live. Discover now