"
ဟိုမှာတွေ့လား ဟျောင်းနင်းမ်... သူလာနေပြီ"
ကျောင်းဝန်းထဲဝင်လာသည့် မျက်မှန်ဝိုင်းနှင့်လူအား ရစ်ခီတို့ဝိုင်းမှ ကောင်လေးတစ်ယောက်က ကြည့်ပြီးစကားစလိုက်၏။ ရှန်ရစ်ခီက ပါးမို့မို့လေးတွေပေါ်လာသည်အထိ ပြုံးပြီး ထိုလူ့ထံ လျှောက်သွားလိုက်သည်။
"ရော့ ဒါသယ်ခဲ့"
သိန်းကျော်တန် လွယ်အိတ်အား ထိုလူ့ထံ ပစ်ပေးကာ ရှေ့မှ လူပေါ်ကြော့တစ်ယောက်လို လျှောက်လာလိုက်သည်။ နောက်မှလူသည် အေးအေးဆေးဆေးလိုက်လာမည်ကိုလည်း သူသိပါသည်။ သိရမှာပေါ့ ဒီလိုHelixကျောင်းကို စကော်လာအားကိုးနဲ့ဝင်လာတဲ့ ကင်မ်ဂျီဝွန်းက ဒီလောက်နာခံရမယ်မှန်းတော့ သိသင့်သည်လေ။
"အိမ်စာမပြီးသေးဘူး ဟောဒီက ဂျီဝွန်းလေးက အိမ်စာစာအုပ်လဲပေးလို့မရဘူးလား သူငယ်ချင်းတွေပဲလေ"
ရစ်ခီသည် ကင်မ်ဂျီဝွန်းအား ကောက်ကျစ်လွန်းတဲ့အပြုံးတစ်ချက်နဲ့ပင် မချိတင်ကဲမေးကာ ကင်မ်ဂျီဝွန်း၏ လွယ်အိတ်ကို ဆွဲယူလိုက်သည်။ လွယ်အိတ်ထဲမှ သူလိုနေတဲ့ သင်္ချာအိမ်စာစာအုပ်ကို ယူပြီးတာနဲ့ ရစ်ခီက လွယ်အိတ်ကို ကြမ်းပြင်ပေါ် ဇောက်ထိုးအနေအထားဖြင့် သွန်ချပစ်လိုက်၏။
"ဟီး ဒီမှာတွေ့ပြီ ကျေးဇူးပဲနော် ဂျီဝွန်းလေး"
ကင်မ်ဂျီဝွန်း၏လက်ထဲမှ သူ့လွယ်အိတ်ကို ပြန်ပြီးဆောင့်ဆွဲကာ ရစ်ခီသည် ထိုနေရာမှ အေးအေးဆေးဆေးထွက်သွားတော့၏။ သို့သော် ကျန်နေခဲ့သည့် မျက်မှန်ဝိုင်းလေးမှာ ကြမ်းပြင်ပေါ်က စာရေးကိရိယာတွေကို လွယ်အိတ်ထဲ ပြန်ကောက်ထည့်ရင်း ပြုံး၍သာ ကျန်ခဲ့ပါသည်။
တစ်နှစ်အတွင်း ရစ်ခီရှန်အကြောင်း သိသင့်သလောက်သိပြီးပြီမို့ ဒီလောက်တော့ မဖြုံတော့ပါချေ။ အပိုရေးယူလာသည့် အိမ်စာစာအုပ်ကိုသာ ကြမ်းပြင်ပေါ်မှကောက်ယူပြီး လွယ်အိတ်ထဲ ကောက်ထည့်လိုက်တော့၏။
ဒါပါပဲ။ Helix Schoolရဲ့ Top1ကျောင်းသားလေး ကင်မ်ဂျီဝွန်းရဲ့တစ်နေ့တာဘဝက ဒါအလုံးစုံပါပဲ။ မနက်ဆိုရင် အိပ်ရာထပြီးကျောင်းလာမည်။ ကျောင်းတွင် ရစ်ခီရှန်က ရန်စချင်စလိမ့်မည်၊ တစ်ခုခုမကောင်းတာလုပ်ချင်လုပ်လိမ့်မည်။ ပြီးရင် သူက ကျောင်းကနေ အိမ်ကိုပြန်လာပြီး စာပြန်လုပ်နေမည်။ တစ်ညတစ်လေတော့ ရစ်ခီရှန်အနိုင်ကျင့်လို့ရလာတဲ့ ဒဏ်ရာတွေကို ဆေးထည့်နေလိမ့်မည်။ ဒါမှမဟုတ်လည်း သူ့အဖေရိုက်လို့ရလာတဲ့ဒဏ်ရာတချို့ကို ဆေးထည့်နေရလိမ့်မည်။
YOU ARE READING
To All the boys Ricky've loved before
Фанфикℛ𝒾𝒸𝓀𝓎 × all OTPs about him woongri, gyuricky, yuriz, jeongri, geonri, etc. ➤ 𝘀𝗺𝘂𝘁, 𝗳𝗹𝘂𝗳𝗳, 𝗮𝗻𝗴𝘀𝘁 ➤ 𝗿𝗮𝗿𝗲 𝘀𝗮𝗱 𝗲𝗻𝗱𝗶𝗻𝗴 ➤ 𝗼𝗻𝗲 𝘀𝗵𝗼𝘁𝘀 ➤ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘