4. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

3.9K 216 76
                                    

[ AN - curse words, TW for ending ]

"ပြတ်မယ် ပြတ်မယ်!!"

တိုက်ခန်းကျယ်ကျယ်ဟာ ဂယူဘင်းရဲ့အော်သံနဲ့ညံသွားရတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး အဝတ်တွေထုပ်ပိုးနေတဲ့ ရစ်ခီကလည်း မော့ကြည့်မလာဘဲ သိမ်းစရာရှိတာ ဆက်သိမ်းနေသလို ဂယူဘင်းဟာလည်း ဒီဖြစ်ရပ်ကို ခါးထောက်ပြီးကြည့်နေလျက်သား။

သူတို့ဒီရက်ထဲ ခဏခဏ ကတောက်ကဆဖြစ်လာကြတာ မဆန်း။ ဂယူဘင်းက တက္ကသိုလ်မှာဆို နှင်းဆီခိုင်။ သူ့အရင်ရှုပ်ဖူးတဲ့ ဇယားတွေ၊ နံပါတ်တွေကလည်း အခုရက်ပိုင်း မနေနိုင်၊မထိုင်နိုင်ဖြစ်ပြီး လာလာပြန်ပက်သက်ကြတယ်။ အရှက်တော့ရှိကြမဲ့ပုံ မပေါ်ဟု သူမှတ်ချက်ထိုင်နေရုံပဲ။

သူကရော ဘာထူးလဲ?

အနည်းဆုံးတော့ ရစ်ခီဆိုတဲ့ သူ့မှာက ရည်းစားမရှိခဲ့ဘူးလေ။ ဂယူဘင်းက ရည်းစားဦးဖြစ်ခဲ့တာ။ အချစ်ဦးတော့ မဟုတ်ဘူးဆိုပေမယ့်လည်း...။ အင်း ပြဿနာကလည်း အဲ့အချစ်ဦးကိစ္စပဲ။

သူက ဂယူဘင်းကို ကောင်မလေးတွေနဲ့တရုန်းရုန်းလုပ်တိုင်း အော်ကွဲသလို ဂယူဘင်းကလည်း သူ့ကိုအချစ်ဦးအကြောင်းတွေပြန်ပြောရင်း ထိုးဆွတတ်သူ။ ခေသူနှစ်ယောက်မို့ သူတို့ပေါင်းဖက်ထားမထားမိတဲ့ ဒီတံတားဟာ သက်ဆိုးရှည်မည့် ပုံမပေါ်ပေ။

အမြဲရန်ဖြစ်ရသည်။ ရန်မဖြစ်ရတဲ့နေ့တွေဆိုရင်လည်း တခြားချစ်သူရည်းစားတွေလို သူတို့အီစီကလီတွေလုပ်ရတဲ့အထိ မအားလပ်ကြပြန်ဘူး။

"ဖယ်!"

"ဘယ်လဲ အဲ့ဒါက"

"ပြတ်ပြီဆို မင်းနဲ့မနေတော့ဘူး ငါ့ဟာငါ ကိုယ့်အိမ်ကိုယ်ပြန်နေမယ်"

ဆောင့်အောင့်ပြီးပြောကာ ထွက်လာခဲ့ပေမယ့် ဇာတ်ကားတွေထဲကလို သူ့လက်ကိုဆွဲကိုင်ရင်း လိုက်တားမည့် ချစ်သူရည်းစားမျိုး ရစ်ခီတွင် ရှိမနေခဲ့ပါ။

သူက အကြောတင်းတယ်ဆိုရင် ကင်မ်ဂယူဘင်းအကြောတင်းတာက သူအိပ်နေသလောက်ပဲ ရှိမည်။ တဇွတ်ထိုးဆန်၊ စိတ်က လက်တဆစ်၊ အကြောကလည်းတင်း.... ဒီလိုလူမျိုးကို ယုံယုံကြည်ကြည်နဲ့ လက်တွဲခဲ့မိတာဟာ ချစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့်ပါပဲ။

To All the boys Ricky've loved beforeWhere stories live. Discover now