7. 𝐣𝐢𝐰𝐨𝐨𝐧𝐠 × 𝐫𝐢𝐜𝐤𝐲 (𝐞𝐧𝐝)

2.1K 165 80
                                    

"ပါး.... မိန်းမပေးစားရင်တောင် သားမယူမှန်းသိတာကို ယောက်ျားပါ ပေးစားတာကြီးကတော့ မလွန်လွန်းဘူးလား"

"မင်းကတော့လေ...ရှောင်ရွေ့ ပါးပြောမယ် ဒီတစ်ခေါက်လူငယ်လေးက လူကောင်းသူကောင်းလေ ရုပ်ရည်ကလည်း မင်းထက်ချောတယ် ချမ်းသာတာလည်း ပါးတို့ထက် ဆယ်ဆလောက်ပိုတယ် သူများက မင်းကိုချစ်လို့ လက်ထပ်ချင်နေတာ... တစ်ခါလောက်တော့ သွားတွေ့ကြည့်လိုက်ပါကွ"

မိသားစုဧည့်ခန်းထဲတွင် သားအဖနှစ်ယောက်က သူတစ်ပြန်၊ငါတစ်ပြန် ချနေကြ၏။ အိမ်ထောင်ပြုစေချင်တဲ့ အဖေဖြစ်သူနဲ့ အိမ်ထောင်မပြုချင်တဲ့ သားသမီးကိစ္စဆို ပိုလို့ပင် မှန်လေမည်။ ရစ်ခီသည် တရုတ်ပြည်၏စံညွှန်းအရဆို လက်ထပ်ရမည့်အရွယ်ကိုရောက်နေပြီမို့ တစ်ထစ်ချကြီး ပြန်လည်ငြင်းလို့တော့ မရရှာပေ။

"မား~ မားယောက်ျားကိုပြောအုံးလေ သားသာ ယောက်ျားယူလိုက်ရင် မားတို့မိသားစုက မျိုးဆက်ပြတ်သွားမှာနော်"

"မင်းအဖေပြောတာလည်း မှန်တာပဲလေ...သူများက ပြည့်စုံနေတာပဲဟာ နောက်ပြီး အခုခေတ်က သိပ္ပံနည်းပညာတွေတိုးတက်နေတာပဲ မျိုးဆက်အတွက် စိတ်ပူမနေပါနဲ့ ရှောင်ရွေ့ရဲ့... မင်းအဲ့လောက် ကလေးလိုချင်နေရင် အငှားကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ငှားလို့ရတယ်လေ မင်းယောက်ျားကလည်း ချမ်းသာတာပဲ သူ့မှာ ကလေးယူဖို့နည်းလမ်းရှိမှာပေါ့"

တနင့်တခဲကြီးပြောချလာတဲ့ မယ်တော်ကြောင့် ရှန်ချွမ်းရွေ့သည် သူ့ဗိုက်ထဲ ကလေးရှိသည်ဟုပင် ထင်သွားရသည်အထိ လန့်သွားရ၏။ ဘယ့်နှယ့် သဘောအဖြစ်ပြောပြတာကို "မင်းယောက်ျား"တဲ့။ မယူရသေးတဲ့ သူစိမ်းအပြင်လူကိုများ မွေးမေမေက "မင်းယောက်ျား"တဲ့လေ။

"မား ဘာမင်းယောက်ျားလဲ သားနဲ့သူနဲ့ ယူတောင်မယူရသေးတာကို"

"ယူပြီးသွားရင် ခေါ်ရမှာပဲကို... မင်းအဖေပြောသလောက် သမက်လေးက သမက်တော်ချင်စရာ အရည်အချင်းတွေအပြည့်ပဲ။ အလိုတော်! အဲ့လိုလူမျိုးကို သူများမိသားစုလက်ထဲတော့ ထည့်မပေးနိုင်ပါဘူး ယူလိုက်ပါ သားရယ်"

To All the boys Ricky've loved beforeWhere stories live. Discover now