8. 𝐣𝐞𝐨𝐧𝐠𝐡𝐲𝐞𝐨𝐧 × 𝐫𝐢𝐜𝐤𝐲 (1)

1.9K 137 160
                                    

(AN/ 2 shots ပါ။ )

ယနေ့ မိုးအုံ့သည်။ နေ မသာပါ။ ထို့အတူ အီဂျောင်ဟျွန်း၏ ရင်ထဲတွင်လည်း မိုးအုံ့လျက်။

အကြောင်းမှာ သုံးရက်ဆက်တိုက် သရဲအခြောက်ခံနေရ၍ဖြစ်သည်။ ယင်းသရဲသည် အကောင်မပြ၊ အရိပ်မပြဖြင့် အသံသာ ပေးနေသည်မို့ ညဘက်အိပ်မရခဲ့တာလည်း သုံးရက်လုံးလုံးပင်။

အသစ်စက်စက်ဝယ်ထားသော အိမ်လေး၏တံခါးကိုပိတ်ကာ အကျွမ်းတဝင်မရှိသေးတဲ့ ရပ်ကွက်ထဲသို့ စူးစမ်းချင်တဲ့စိတ်လေးနဲ့ ထွက်လာခဲ့လိုက်သည်။ မဝယ်ခင်တုန်းကတော့ ဒီရပ်ကွက်ထဲက အိမ်တိုင်း အရှုပ်အရှင်းကင်းတယ်ပြောပြီး အခုကြတော့မျက်စိရှေ့တောင် ပေါ်မလာတော့သည့် ပွဲစား ပတ်ဟန်ဘင်းကိုလည်း ဖင်ကနေ တည့်တည့်ဆော်ပစ်လိုက်ချင်သည်။

ဘယ့်နှယ့် ယုံကြည်လို့မှ သူ့ကိုပွဲစားလုပ်ခိုင်းလိုက်မိပါသည်။ 'ကျားကြောက်လို့ ရှင်ကြီးကိုး....ရှင်ကြီး ကျားထက်ဆိုး'တွေ ဖြစ်ကုန်ပြီ။

လမ်းသွယ်လေးကနေ တဖြည်းဖြည်းလျှောက်လာရင်း ကော်ဖီဆိုင်တစ်ဆိုင်တွေ့တာမို့ ယင်းဆိုင်သို့ဝင်ကာ ဂျောင်ဟျွန်း လက်ဖက်စိမ်းဆိုဒါတစ်ခွက်မှာလိုက်သည်။ အရမ်းကြီးလည်း အခါးကြိုက်သူမဟုတ်္တာမို့ ကော်ဖီတွေလည်း မသောက်နိုင်၊ ချိုတာတွေလည်း မကြိုက်တာမို့ ချောကလက်တို့ စတော်ဘယ်ရီတို့ဆို ဂျောင်ဟျွန်းက ဝေါင်ဝေါင်ရှေး။

"ရော်... အီဂျောင်ဟျွန်းပါလား ငါတို့ရပ်ကွက်ထဲ မင်းဘာလာလုပ်တာလဲ"

"အိမ်ပြောင်းလာတာ အရင်အိမ်က ရောင်းထွက်သွားပြီလေကွာ အခုနေရာလေးလည်း ဆိုးတော့မဆိုးပါဘူး သရဲခြောက်တာလေးတစ်ခုပဲ"

မိမိအားတွေ့သည်နှင့် ထိုင်နေသည့်ဝိုင်းကိုလာကာ မေးခွန်းစထုတ်သည့် ကင်မ်ထယ်ရယ်သည် လက်ထဲတွင် ပါဆယ်ထုပ်တစ်သိန်းနှင့်။ ကြည့်ရတာ သိပ်ကိုအမြင်ကျယ်လွန်းတဲ့ သူ့ရဲ့ကမ္ဘာကျော်fashion senseတွေကို အခြေခံပြီး shoppingထွက်လာခဲ့ဟန် တူသည်။

ပါဆယ်ထုပ်များထဲသို့ လှမ်းကြည့်စရာမလို။ အကုန်လုံးသည် အရောင်တောက်လျှင် တောက်။ မတောက်လျှင် ခေတ်ဆန်လွန်နေတဲ့ဒီဇိုင်းတွေနဲ့အဝတ်အစားတွေသာ ဖြစ်လိမ့်မည်။

To All the boys Ricky've loved beforeWhere stories live. Discover now