16. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

3.5K 201 78
                                    


𝙰/𝙽 - client @oohsnowwang ရဲ့ခွင့်ပြုချက်လေးနဲ့ ဒီcomissionလေးကို တင်လိုက်ပါတယ်

possessive mafia gyuvin

•••

"နာမည်က ရစ်ခီနော်?"

ဒါက မျက်စိရှေ့က ကောင်လေးကို သူမေးလိုက်တဲ့ မေးခွန်း။

"အင်း...."

ဒါကတော့ ဆံပင်အဖြူရောင်နဲ့ ပိန်သွယ်သွယ်ခန္ဓာကိုယ်ပိုင်ရှင် ကောင်လေးရဲ့ ပြန်ပေးလာတဲ့အဖြေ။

"မျိုရိုးနာမည်မရှိဘူးဆို?"

ခေါင်းလေးကို တုန်ခါနေအောင် တဆတ်ဆတ်ငြိမ့်သည်။ အဟက်ဟုထွက်ကျလာသော သူ့ပါးစပ်က အသံကို ထိုခေါင်းဖြူလေးက လှောင်တာဟု ထင်သွားတဲ့ပုံ။

"မရှိပါဘူး ဒီအတိုင်း ရစ်ခီပါပဲ"

မသိမသာ မကျေနပ်သော မျက်ဝန်းလေးတွေနဲ့ သူ့ကိုလှမ်းကြည့်တဲ့အခါ သဘောတကျပါပဲ။ သူ အဟက်လို့ နောက်တစ်ခါရယ်မိသွားတယ်။

"နောက်နေ့ကစပြီး မင်းမျိုးရိုးက ကင်မ်ပဲ။ ဘယ်သူမေးမေး မင်းနာမည်က ကင်မ်ရစ်ခီလို့ပဲ ဖြေ"

သူနဲ့ သုံးမီတာလောက် အကွာမှာ ရပ်နေပြီး မျက်လုံးတွေနဲ့ အခန်းအတွင်းက အရာဝတ္ထုတွေဆီ ဟိုကြည့်၊သည်ကြည့်လုပ်နေပုံက အရင်လူတွေနဲ့မတူပါဘဲ တစ်မျိုးထူးခြားနေ၏။ အကြည့်ကစားနေသော ခေါင်းဖြူလေးသည် သူ့ကိုတော့ဖြင့် တစ်ချက်လေးတောင် ထပ်ကြည့်မလာခဲ့ပါဘဲ ကိုယ့်အတွေးနဲ့ကိုယ် အာရုံများနေပုံထောက်၏။

"ကိုယ့်နားကို လာခဲ့"

ဘော်ကြယ်မှိတ်တုပ်မှိတ်တုပ်တွေ လင်းနေတဲ့ အနက်ရောင်အကင်္ျီခပ်ပါးပါးလေးက ထိုကောင်လေးနဲ့ လိုက်တော့လိုက်ဖက်ရှာသည်။

သူ့အနားကို ဖြည်းဖြည်းချင်းလျှောက်လာပြီး ​မျက်နှာချင်းဆိုင်က ဆိုဖာပေါ်ထိုင်လိုက်ပုံက အရင်ကောင်လေးတေ​ွလို ညင်ညင်သာသာမရှိပေမယ့်လည်း တစ်မျိုးတစ်ဖုံတော့ စွဲမက်ချင်စရာ။ ဒါပေမယ့်ခက်သည်။ ကောင်လေးက အရင်လူတွေလောက်ကို အထာမနပ်ဘူး။

"ကိုယ်ပြောတာ ဒီကိုလာထိုင်ဖို့"

ဝီစကီခွက်ကို လက်တစ်ဖက်က ကိုင်ထားရင်း နောက်လက်တစ်ဖက်နဲ့ ပေါင်ကိုပုတ်ပြလိုက်တော့ မျက်စိရှေ့က အဖြူရောင်လေးရဲ့မျက်နှာလေး နီရဲသွားတယ်။ ရှက်နေပေမယ့် ကောင်လေးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဆိုဖာပေါ်က ထလာပြီး သူ့အပေါ်ကို လာတော့ထိုင်ရှာသေးသည်။

To All the boys Ricky've loved beforeWhere stories live. Discover now