10. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲 (1)

3.1K 226 145
                                        

[ gyu မွေးနေ့အတွက် အမှတ်တရရေးဖြစ်တာလေးပါ ဇာတ်သွားနည်းနည်းမြန်တဲ့ omegaverse tsတစ်ပုဒ်ပါ ]

.
.
.

"မင်းဟာက ဘယ်လိုမှလုပ်ပေးချင်စရာကောင်းမနေဘူး ေဟ့ကောင်"

ယောဂကျင့်စဥ်ကို ကျင့်နေသည့် ကောင်လေးက သူ့စကားကြားတော့ မျက်မှောင်ကြုပ်သည်။ ကြုပ်လည်း မတတ်နိုင်ပေ။ တစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးခဲ့တဲ့၊ လုပ်ဖို့လည်းစိတ်ကူးမရှိခဲ့တဲ့ လေ့ကျင့်ခန်းတို့၊ယောဂတို့ကို လုပ်ခိုင်းတယ်ဆိုရင်တောင် လုပ်ပေးအုံးမည်။ အခုဟာကတော့ နည်းနည်းလွန်နေပြီ။

ဘယ့်နှယ် မွေးနေ့လက်ဆောင်အဖြစ် သူ့ကိုလာပြီး သရုပ်ဆောင်လုပ်ခိုင်းရတယ်လို့။

betaတစ်ယောက်ဖြစ်တဲ့ ချစ်သူငယ်ချင်းလေး မာကျင့်ရှန်းသည် ထိုကဲ့သို့လည်း ​ဂျိုမွှေတတ်သေးသည်။ ဆယ်နှစ်ကျော်ပေါင်းလာတဲ့သက်တမ်းအတွင်းမှာ ဒုက္ခအပေးဆုံးလူကို လက်ညိုးထိုးပြပါဆိုရင် သူ့ကိုသာ ရစ်ခီ ထိုးပြမိလိမ့်မည်။

"လုပ်မှာပါ မင်းက ငါ့အသိတွေထဲမှာ တစ်ဦးတည်းသော omegaဥစ္စာ။ ငါ့မှာ မင်းအပြင်မရှိဘူးကွ နော်"

"မင်း အဲ့alphaကောင်နဲ့ တကယ်ပဲဘာပြဿနာတွေရှိလို့လဲကွာ ဒါကြီးက ငါ့ပါးပါးသိရင် လုံးဝကွိုင်အကြီးကြီးတက်သွားနိုင်တယ်"

"ပြီးခဲ့တဲ့နှစ်တုန်းက ငါကြိုက်နေတဲ့ betaကောင်မလေးကို အဲ့ကောင်က ဖြတ်လုသွားလို့... လက်စားချေမှရမယ်လေကွ လုပ်ပါ ဒီတစ်ခါပဲကူညီစမ်းပါ ငါ့မွေးနေ့လေးကို ထောက်ထားပြီး..."

ယောဂဆက်မကျင့်တော့ဘဲ သူ့အနားလျှောက်လာပြီး မာကျင့်ရှန်းတို့ လက်အုပ်ချီပါပြီ။ ဒီအကွက်တွေက ရိုးနေပြီ လိုချင်တာရှိတိုင်း သကောင့်သားအစုတ်အပြတ်က လက်အုပ်ချီဖို့ပဲ သိတာ။ မသိရင် သူကပဲ ရုတ်တရပ်ကြီးညကွမ်ရင်မယ်တော်ဖြစ်သွားသလိုလို၊ စွန်းဝူခုံးဖြစ်သွားသလိုလိုနဲ့။

"မဟုတ်ဘူး မင်းဟာက ငါ့ကို ဗိုက်ကြီးသည်လို ဟန်ဆောင်ခိုင်းနေတာလေ အဲ့ဒါကြီးကတော့ လုံးဝမဖြစ်နိုင်ဘူး မတော်လို့ ငါ့ပရိသတ်တွေတွေ့သွားရင် နာမည်ပျက်မှာက ငါကွ"

To All the boys Ricky've loved beforeWhere stories live. Discover now