5. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

3.5K 205 99
                                    

warning: clingy word ⸝𝒎𝒂𝒖𝒏𝒈⸝ 

AN- descriptionလေး ပြင်ထားပါတယ်။ အဲ့မှာရေးထားတဲ့ နံပါတ်အစဥ်လိုက်အတိုင်း otpတွေကိုတင်ပေးသွားပါ့မယ်



"ဘာလဲ စိတ်ဆိုးနေတာလား?"

"မဆိုးပါဘူးကွာ"

မဆိုးပါဘူးက​ွာဟု တစ်ထစ်ချပြောနေသော ကင်မ်ဂယူဗင်း၏ မျက်နှာမှာ စူပုပ်နေတာမို့ သေချာပေါက်စိတ်ကောက်နေမှန်း သူသိပါသည်။ မောင်ကလေ အမြဲအဲ့တိုင်းပဲ... ဘာမဟုတ်တာလေးကို စိတ်ဆိုး၊စိတ်ကောက်နေတတ်တာ။

"မဆိုးရင် ဘာလို့အင်တာဗျူးကို ကောင်းကောင်းမဖြေလဲ ပရိသတ်တွေကိုအားနာစရာကြီးလေ"

"စိတ်မပါလို့လေ"

"ဘာကိုစိတ်တိုနေတာလဲ ပြောလေ ဂယူဗင်းရယ်... မင်းပြောပြမှ ငါသိမှာမဟုတ်ဘူးလား"

"မတိုဘူး ဘာစိတ်မှမတိုဘူး ရပြီလား အာရုံနောက်လာပြီ ပြန်နှင့်တော့မယ်"

တွဲထားတဲ့ လက်ကို ဆွဲဖြုတ်ပစ်ပြီး ရှူတင်ကွင်းထဲကနေ ခပ်ဆတ်ဆတ် ထွက်သွားတဲ့လူရဲ့ကျောပြင်ကို ငေးကြည့်ရင်း ကျန်နေခဲ့မိသည်။ Senceတွေအကုန်တူတူရိုက်ပြီးပြီဆိုပေမယ်​့ သူတို့ရိုက်နေတဲ့ ဒီတစ်ခေါက်ဇာတ်ကားမှာတော့ cameoပဲ ပါတာမို့ ဂယူဗင်းအတွက် senceတွေက ထင်သလောက် အများကြီးမကျန်တော့ပေ။

ဘယ်လိုအကြောင်းကိစ္စလည်း မသေချာတာမို့ သူချက်ချင်းလိုက်သွားပြီး ချော့ဖို့ရန်လည်း အဆင်မပြေလှပါ။ မောင်က ဆိုးသည်။ ဂျစ်ကန်ကန်လေးနဲ့ ချစ်ဖို့တော့ ကောင်းပါသည်။

မတူညီတဲ့အဖွဲ့အသီးသီးမှာ အဆိုတော်တွေ၊အိုင်ဒေါလ်တွေဖြစ်နေကြရမယ့် အခုတ​ေလာ ခေတ်စားနေတဲ့ yoaiဇာတ်လမ်းမှာ သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းခံရရင်း....အင်း တွဲဖြစ်သွားခဲ့သည်ဆိုပါတော့။

ဒါကလည်း တကယ်တော့ သူ့ပယောဂပါပဲ။ မောင်က သူ့ကို အစကဆို စိတ်ထဲရှိဖို့မပြောနဲ့။ နာမည်ကြီးလွန်းတဲ့သူ့ကို ဘာလူမျိုးမှန်းတောင် သိတဲ့လူမျိုး မဟုတ်ခဲ့သူရယ်ပါ။ သူသာ မောင့်ဆီ ဒီဇာတ်လမ်းစရိုက်တဲ့နေ့တုန်းက စကားစပြီးသွားမပြောခဲ့ရင် အခုလောက်ဆို business အရသာ မောင်နဲ့မိတ်ဆွေဖြစ်နေလောက်မည်။

To All the boys Ricky've loved beforeWhere stories live. Discover now