21. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

2K 170 249
                                    

ဗိုက်ကိုင်ကြမ်းတဲ့အတွဲကို ဗိုက်ပူခိုင်းလိုက်ပါပြီ။ ABO sweet comedyပါ ခင်ဗျာ။ MMHမှာ ကလေးပိစိတွေ ထည့်ပေးပါလို့ လာပြောကြတာ မထည့်ပေးနိုင်လို့ ချော့တဲ့အနေနဲ့ ဒါလေးရေးဖြစ်သွားပါတယ်။ plotက jamikelဆိုတဲ့ audio clipလေးကနေ inspoယူထားတဲ့ ro-comလေးပါ

AN// မဖတ်ခင် မေးချင်တာလေးလည်းရှိပါတယ်။ တစ်ပုဒ်ချင်းစီ နံပါတ်တွေဖတ်ရတာ အဆင်ပြေရဲ့လားဟင် unpublishလုပ်ပြီး တစ်ပုဒ်ချင်းနာမည်လေးတွေ ပေးပေးရမလားဗျ???

Belly
ဗိုက်

Bellyဗိုက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

-
-


ပြဿနာဟာ လွန်ခဲ့တဲ့တစ်လ သူ မူးနေတဲ့အချိန်တုန်းက ဖြစ်ခဲ့လောက်တယ်ဟု ရစ်ခီက သံသယရှိ​ေနတယ်။

မျက်စိရှေ့က ကိုယ်ဝန်ဆေးစစ်တံဟာ မျဥ်းနီလေးနှစ်ကြောင်းပေါ်နေခဲ့ပြီး ဒါက သူ့ဗိုက်ထဲမှာ ကလေးရှိနေပြီဖြစ်ကြောင်းကို သိသိသာသာ ပြောပြနေတယ်။ ရစ်ခီ ခေါင်းနပန်းကြီးသွားရပြီ။ ရင်တွေခုန်ပြီး လူက ပူထူလာတယ်... ဖယ်ရိုမုန်းတွေက တက္ကသိုလ်ကျောင်းရဲ့သန့်စင်ခန်းထဲမှာ ထိုင်မနိုင်၊သိမ်းမရ ထွက်အံကျလာတယ်။

စိတ်ညစ်တာပဲ... သူ့ဗိုက်ထဲက ကလေးရဲ့အဖေက ဘယ်သူလဲ!

ရစ်ခီက ကလေးအဖေ ဘယ်သူလဲဆိုတာကို သိမနေဘူး။ သူ ပြီးခဲ့တဲ့လက ရည်းစားဟောင်းနဲ့ပြတ်ခဲ့တာဖြစ်ပြီး ယခုလမှ အီနေတဲ့ကောင်လေးနဲ့ကလည်း စကားအသွားအလာက အနှောင့်လွတ်တယ်ဟူ၍မရှိ။ အချိန်ရတာနဲ့ ရရင်ရသလို ဖြေသိမ့်တတ်ကြတဲ့ လူငယ်တွေပဲမို့ ရစ်ခီက သူ့ဗိုက်ထဲက ကလေးရဲ့အဖေဟာ ဘယ်သူဖြစ်နေမလဲဆိုတာ မသိတော့ဘူး....

သူနဲ့ အိပ်ခဲ့တဲ့ ကျောင်းရုံးခန်းက ဦးလေးကြီး ကင်မ်ဂျီအွန်းလား။

To All the boys Ricky've loved beforeWhere stories live. Discover now