24. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲 × 𝐣𝐞𝐨𝐧𝐠𝐡𝐲𝐞𝐨𝐧

1.5K 123 129
                                    


𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝𝐞𝐝 𝐬𝐨𝐧𝐠 /
𝐀 𝐛𝐨𝐲'𝐬 𝐠𝐢𝐫𝐥 - 𝐇𝐥𝐰𝐚𝐧 𝐏𝐚𝐢𝐧𝐠

_
_
_

jeongri × gyubrik

jeongri × gyubrik

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

< hair dye >

ငါ ပထမဆုံး အထက်တန်းတက်စတုန်းကပေါ့။ ငါ့ဘဝကြီးထဲကို လူတစ်ယောက်က ချစ်ရတဲ့လူဆိုတဲ့ နာမ်စားနဲ့အတူ ငါခွင့်မပြုဘဲ ဝင်လာခဲ့တယ်။ ငါကတော့ သူ့ကို ရိုးရိုးရှင်းရှင်းလေး အစ်ကိုလို့ပဲ နာမည်ပေးလိုက်တယ်။

သူ့နာမည်ကိုလည်း ငါမှ မသိဘဲလေ။ ဘာပဲဖြစ်ဖြစ် အစ်ကိုဟာ ငါနဲ့ ပထမဆုံးစတွေ့တွေ့ချင်းမှာပဲ ခါးပိုက်နှိုက်တစ်ယောက်လို လုပ်သွားခဲ့တာ။ အဟုတ်ပဲ! အစ်ကို ငါ့အချစ်တွေကို ခိုးယူသွားခဲ့တာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ပဲလား၊ တမင်တကာမဟုတ်ဘဲ မတော်တဆပဲလား နားလည်ရခက်တဲ့အစ်ကို့ကို ဘယ်လိုနေနေ ငါက ချစ်မိသွားတော့တာပဲ...

အရိုးရှင်းဆုံးဝန်ခံရရင်တော့ ငါ့ရဲ့အချစ်ဦးဆိုတဲ့ ကဗျာလေးကိုရော မြင်မြင်ချင်းအချစ်ဆိုတဲ့ ဝတ္ထုလေးကိုရော အင်း... ငါ့ရဲ့ပထမဆုံးတွေအများစုကို ရေးသားခဲ့တဲ့ ကလောင်ရှင်ဟာ တွေးလိုက်တိုင်းမှာ အစ်ကိုဖြစ်နေခဲ့တာပါပဲ။

"နက်ခ်တိုင်မေ့ခဲ့တာလား ချာတိတ်?"

"ဟုတ် အစ်ကို"

"အစ်ကို့ဟာယူသွားလို့ရတယ် ရော့"

အစ်ကိုက ငါ့ကို သူ့လည်ပင်းက ကျောင်းနက်ခ်တိုင်လေးကို ဆွဲဖြုတ်ပြီးပေးတယ်။ နက်ခ်တိုင်လေးက နက်ပြာရောင်ပေါ်မှာ အဝါနုဖောက်ထားတဲ့ အစင်းဆင်လေး။ အင်း... ရင်ခုန်သွားတယ်။ ငါ့ရင်ဘတ်ရဲ့ပထမဆုံးခုန်နှုန်းက ဇန်နဝါရီလ ပထမရက်ရဲ့ မနက် 8နာရီ 10မိနစ်မှာပဲ တုန်လှုပ်သွားခဲ့ရပြီ ။ ငါ့နှလုံးသားက အစ်ကို့အသံ ခပ်ဩဩလေးရဲ့ရိုက်ခတ်မှုကြောင့် ခပ်မြန်မြန်လေးကို တုန်ခါသွားခဲ့တာ...။

To All the boys Ricky've loved beforeWhere stories live. Discover now