Chapter - 1 Unicode

1.7K 46 14
                                    

_Unicode_

__1 . 6 . 2019__

" မာမီ !!  "

အသံနက်ကြီးဖြင့် "ကမ္ဘာ" ထအော်မိသည်။ ရင်ဘတ်ကြီးပေါက်ကွဲမတက် နာကျင်လွန်း၍ အသက်ရှုပင်ကျပ်လာသည်။ ထို့အတူ မျက်ရည်ပင်ကျဖို့ တန့်နေလေသည်။

" Adam Adam... ဟျောင့် Adam
မက်ပြန်ပြီလား။ ထတော့ Adam "
ကမ္ဘာ အိပ်မက်မှန်းသိလိုက်သည်နှင့် သတိကပ်လိုက်ပြီး မျက်လုံးများ စုံဖွင့်ချလိုက်သည်။ ဇက်ကတော့ ကပျာကယာနဲ့ရေယူပေးရှာသည်။ ဇက်ယူလာပေးတဲ့ရေကို သောက်လိုက်ပြီး အသက်ဝဝရှူလိုက်သည်။ သို့သော် စိတ်ကတော့ထိုင်းမှိုင်းနေဆဲပင်။

"ကဲ ထတော့။ မြန်မြန်လုပ် Adamရ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ဆိုတော့ စော်အသစ်လေးတွေ ငါ့ကိုမျှော်နေလောက်ပြီ"

"တစော်စော်နဲ့ မင်းကိုဘယ်စော်မှ ကြိုက်မှာမဟုတ်ဘူး"
အနိုင်ယူချင်၍သာပြောလိုက်တာ ဇက်က သူ့အကိုနီးပါးတော့ချောသည်ဟု တွေးလိုက်မိသည်။

"စောင့်ကြည့်စမ်းပါ..ဇက်လိုလူကအပြောနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြတတ်တယ်"
သူ့စကားသူသာ သဘောကျ၍ ကိုယ့်ဘက်ကပြန်ပြောတာတောင်မစောင့် ထွက်သွားလေသည်။

ဇက်နဲ့က ညီအစ်ကိုတဝမ်းကွဲဆိုပေမဲ့ ညီအစ်ကိုအရင်းနှင့် မခြားနားပေ။ မာမီ ဆုံးပြီးကတည်းက ဇက်အဖေကပဲအုပ်ထိန်းသူအဖြစ် စောင့်ရှောက်ပေးသည်။ ဒယ်ဒီကတော့ ကမ္ဘာသုံးနှစ်သားအရွယ်ထဲက ရောဂါနဲ့ဆုံးသွားပြီး မာမီကတော့ ကမ္ဘာ့ရှေ့မှာတင် car accident ဖြစ်၍ ဆုံးသွားတာဖြစ်သည်။ တစ်နေ့ကနဲ့ဆို အမေဆုံးတာ (၆) နှစ်ရှိလေပြီ။ထိုနေ့တွင်တော့ ကမ္ဘာအိမ်ပြန်မလာခဲ့ပေ။မနေ့ကတော့ကျောင်းတက်ရမည်ဖြစ်၍ မလာလို့လည်းမရတော့၍ ပြန်လာအိပ်ဖြစ်လေသည်။

ဇက်နဲ့ကတော့ လပိုင်းသာအသက်ကွာသည်။ ဇက်အမေကတော့ ဇက်ကိုမွေးပြီးပြီးချင်းမှာပဲ ဆုံးသွားရှာသည်။ ဒီကောင်က အဖေကိုမခင်ပဲ ကမ္ဘာ့ကိုတော့ အတော်ကပ်တွယ်ရှာသည်။ (မတည့်ပေမဲ့ ကမ္ဘာ့ကိုကြောက်ရသည်)

အိပ်မက်ဆိုးများ လစဥ်နှင့်အမျှပွေ့ပိုက်နေရ၍ ကမ္ဘာပင်ပန်းနေချေပြီ။ ကိုယ်ချစ်တဲ့သူတိုင်းက သေခြင်းနဲ့ခွဲခွာသွားကြလေသည်။6နှစ်တိုင်ကြာခဲ့လေသော်လည်း မာမီ့ရဲ့အငွေ့အသက်များက ယခုထက်ထိကျန်ခဲ့ဆဲဖြစ်လေသည်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now