Chapter - 9 Zawgyi

31 4 0
                                    

_Zawgyi_

" မလုံတဲ့ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းခဲ့ဖူးတယ်..... ကိုယ်ကတော့ တဈကိုယ်လုံးစို၊ သူကတော့လုံခြုံမှုအပြည့်ပေါ့......ဒါတောင် အချစ်ဆိုတာ ဘာများပါလဲလို့ မေးခွန်းထုတ်မိနေတုန်းပဲ~~ "

ကမ္ဘာ မိုးမြေအားထီးပေးပြီး ထားခဲ့လိုက်ရင်း.....

ညီ့ထံမှ "ကျေးဇူးတင်ပါတယ် "ဆိုတဲ့ စကားသံက အလွန်နားဝင်ချိုလှသည်။ လှည့်မကြည့်ဖြစ်ခဲ့ပေ။ ကားဆီသို့သွား၍ ရေစိုဝတ်ဖြင့်သာ ဇက်စောင့်နေသောဆိုင်သို့မောင်းလာလိုက်သည်။

ဆိုင်ရှေ့တွင်ကားရပ်လိုက်ပြီး ဇက်အားဖုန်း
ဆက်ရတော့သည်။ ဖုန်းဆက်ပြီး သိပ်မကြာ
ဇက်ရောက်လာလေသည်။

လူအားအံ့ဩသလိုကြည့်နေ၍....

"ဘာလဲ"

"ကျောင်းမှာဘာမှလုပ်စရာမရှိပဲကျန်ခဲ့ပြီး ငါ့ကိုစောင့်ခိုင်းတယ်..... ထီးလည်းပေးလိုက်ရဲ့သားနဲ့ ဘာလို့ ဒီလောက်စိုလာတာလဲ"

"zip it ( ပါးစပ်ပိတ်ထား )"

".........."

ကမ္ဘာ ဆရာများနားနေဆောင်သို့သွားတော့
G-10အတန်းပိုင်မှ မိုးမြေအားကျောင်းဆင်းရင် ကျန်ခဲ့ဖို့ပြောနေသံကြားလာခဲ့သည်။
မိုးကောင်းကင်အားကြည့်လိုက်တော့လည်း မိုးရွာမည့်အနေအထားဖြစ်နေ၍ ဇက်အားစာ
လှမ်းပို့ထားခဲ့လိုက်သည်။

"တန်းမပြန်သေးဘူး ဆိုင်တဆိုင်မှာစောင့်နေ ကျောင်းဆင်းရင်ထီးလာယူမယ်"

"ဘယ်တုန်းကထီးဆောင်းဖူးလို့လဲ ထူးထူးဆန်းဆန်း "
ဇက်ပို့သည့်စာကိုတော့ဝင်မဖတ်တော့ပေ.....

ကျောင်းဆင်းတော့ဇက်အဆောင်ဆီ ထီးလာယူရင်း .... ကောင်မလေးတယောက်မှောက်ယက်လဲတော့မည်ဖြစ်၍ ခြေထောက်ဖြင့်
နံရံကိုထောက်၍ ဖမ်းပေးလိုက်သည်။
မျက်နှာအားကြည့်မိတော့ မိုးမြေနှင့်တူနေ၍
ဇက်ပြောသည့်အမွှာများလားဟု ကိုယ့်ကိုယ်ကိုတွေးထင်ယူဆလိုက်သည်။ ကမ္ဘာ့အဖို့တော့တူမနေပေ။ ညီ့လိုပြိုင်ဆိုင်လိုသော
မျက်ဝန်း၊ မြတ်နိုးဖွယ်ကောင်းသော
စံပယ်တင်မှည့်နှင့် ပါးချိုင့်သေးသေးလေးရှိမနေပေ။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now