Chapter - 17 Unicode

63 6 2
                                    

_Unicode_

"ဘူးဘူး ထတော့ ဟဲ့ ဘူးဘူး ထတော့လို့"
ကောင်းကင်တစ်ယောက် မိုးမြေအခန်းထဲဝင်အိပ်နေသော ချစ်သောတူလေးအားနှိုးရလေတော့သည်။

"သွားတော့ ငါနှိုးလိုက်မယ် စောစောစီးစီး နားကိုညီးတယ်"
မိုးမြေ သူ့ညီမ၏အသံစူးစူးအား နားမခံသာတော့ပေ။

"ဘာစောတာလဲ 8နာရီထိုးနေပြီ"

"ဘယ်လို.. ဘာလို့စောစောလာမနှိုးတာလဲ
ရုပ်က္ခစိုးမ"

"အမျိုးမျိုးပါလား ငါ့အကိုရယ်"

"အဖေနဲ့လိုက်သွားလိုက် ငါဘာသာငါ လာခဲ့လိုက်မယ်"

"ဘူးဘူးကရော"

"ငါလုပ်ပေးလိုက်မယ်။ သွား.. ဘူးဘူးလိုမဲ့ဟာတွေပြင်ထားပေးလိုက် "

"အမိန့်တော်​မြတ် အတိုင်းပါပဲရှင်"

".................."

"ဘူးဘူးရေ ထတော့လေ နောက်ကျနေပြီကွ"

"ဟုတ်"
မျက်လုံးတောင်မဖွင့်သေးပဲ ရေချိုးခန်းထဲကောက်ကပ်ထသွားသည်။

"ဒီကလေးနိုးရဲ့သားနဲ့ တမင်မထတာပဲ"

ရေချိုးခန်းထဲအမြန်ဝင်ပြီး သွားတိုက်၊ ရေချိုးခြင်းအလုပ်ကို အမြန်လက်စသတ်ရတော့သည်။ ဒါတောင် ကိုယ်တော်ချောက နာရီဝက်ခန့် အချိန်ယူလိုက်သေးသည်။

အဝတ်လဲအပြီး ဘူးဘူးအား အောက်ထပ်သို့ပို့ကာ အဖေတို့နှင့်ထားခဲ့ပြီး ကိုယ်တိုင်ရေချိုးဖို့သာ အလျင်အမြန်လုပ်ရတော့သည်။

အဝတ်အစားအမြန်လဲပြီး ကျောင်းသို့ Busကားဖြင့်သာ လာခဲ့လိုက်ရတော့သည်။

ကျောင်းပေါက်ဝရောက်တော့ ကျောင်းတံခါးပိတ်ချိန်ရောက်၍ တံခါးပိတ်ထားလေသည်။ ခြံစည်းရိုး ကျော်ဝင်မည်ဆိုလျှင်လည်း cctvများပြားသောကြောင့် မဖြစ်နိုင်ပေ။
ဘေးဘီဝှေ့ကြည့်သော်လည်း ဝင်လို့ရမည့်နည်းလမ်း စဥ်းစားလို့မရပေ။ မရလျှင်လည်း မိုးမြေအဖို့တော့ စိတ်ပူပန်စရာမရှိ တန်းပြန်ရုံသာ။

ခြေသံကြား၍ အရှေ့တည့်တည့်သို့လှည့်ကြည့်လိုက်လေတော့ Adamတစ်ယောက်သူ့အား စိုက်ကြည့်နေလေသည်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now