_Unicode_
" love story-indila " တယောသံဖြင့် coverတီးထားသော phone ringtoneသံ တစ်ကားလုံး ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ ခံစားချက် ပျက်မည်စိုး၍ ringtone ပြီးခါနီးမှကိုင်လိုက်သည်။
"ပြော.."
" Adam ဟျောင့် ငါခေါ်နေတာကြာလှနေပြီလေ "
"သိတယ် ringtoneသံ နားထောင်နေတာ"
" -ီးးး မြန်မြန်လာကွ ငါတယောက်ထဲရယ် "
"ဝီရိယ"အဖို့ စော်ရှိုးဖို့သာ စောစောလာလိုက်တာ ဖြစ်သည် ။ ကျောင်းသားအသစ်မလို့ လူဝင်လည်းမဆန့်သေးပေ။
" အပိုမလုပ်နဲ့။ မင်းဖြစ်လည်းဒီတစ်ရက်ပဲ
ဟန့်... "
မင်းအကြောင်း မသိရင်ခက်မယ် ဆိုတဲ့လေသံနှင့် တဖက်ကတုန့်ပြန်သံနားမထောင်ပဲ ဖုန်းချပြစ်လိုက်သည်။ ဝီရသည်လည်း Adamတို့ပြောင်းသည့် ကျောင်းမှန်သမျှလိုက်တက်လေသည်။ ကမ္ဘာ့ကို တော်တော်ခင်ရှာသောသူဖြစ်၍ ' စိတ်မတူ၊ ကိုယ်မတူ ´ ပေါင်းမိနေသည်။(ဝီရိယကနာမည်အမှန်ပါ၊ ဝီရလို့ပဲသုံးနှုန်းသွားပါမယ်)
တစ်ကျောင်းလုံးက ကျောင်းသားထဲမှာမှ ကမ္ဘာတို့ညီအကိုနှစ်ယောက်သာ ကိုယ်တိုင်ကားမောင်းလာပိုင်ခွင့်ရှိသည်။
ဤကျောင်းသည်လည်း ကမ္ဘာ့မာမီပိုင်သောကျောင်းများထဲက ထိပ်ဆုံးကျောင်းဖြစ်လေသည်။ အရင်က ဒီကျောင်းကိုမjoinဖြစ်တာက ဇက်တက်သမျှကျောင်းများ လိုက်တက်နေရ၍ဖြစ်သည်။ ဦးလေး သူ့သား
တော်မောင်အား စိတ်ပူမည်စိုး၍သာ လိုက်တက်ဖြစ်ပေးခဲ့တာဖြစ်သည်။ဇက်အဖို့ ကျောင်းတစ်ကျောင်းတည်း သူ့ရဲ့ကျောင်းသားဘဝကိုဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး တဲ့လေ။ ဒါ့ကြောင့် ကမ္ဘာ့အဖို့ ကျောင်းပေါင်းများစွာလိုက်တက်ပေးနေရသည်သာအဖက်တင်လေသည်။ ဒီနှစ် ကမ္ဘာG -11ရှိပြီ၊ ဇက်ကတော့ G-10ပင်။
ငယ်ငယ်ထဲက ညဏ်ကောင်းလွန်း၍ ကမ္ဘာ့ကို အရင်တက်ခဲ့သောကျောင်းက အတန်းကျော်တင်ပေးထားတာဖြစ်သည်။ ဒါကြောင့်လည်း ဝီရနှင့် အတန်းတူပေါင်းမိတာ ဖြစ်သည်။ဦးလေးကတော့ ကမ္ဘာ့ကို သူ့သားထက်ပိုအားကိုးသည်ဟု အမြဲပြောလေ့ရှိသည်။ ဒါကလည်း ဇက်ကလက်ကြောမတင်း၍ မဟုတ်ပဲ၊ ဘာမဆိုလုပ်နိုင်နေသော ကမ္ဘာ့ကိုအမြဲချီးကျူးလေ့ရှိသော စကားတစ်ခွန်း ဖြစ်လေသည်။
YOU ARE READING
မြေသင်းရနံ့ (Ongoing)